နှလုံးသွေးကြောဓာတ်မှန်အရ နှလုံးသွေးကြောကျဉ်း(သို့)ပိတ်နေတဲ့လူနာတွေဟာ အစားထိုးခွဲစိတ်ကုသခြင်း (Coronary Artery Bypass Grafting - CABG) ပြုလုပ်ဖို့ လိုအပ်ပါတယ်။ သွေးကြောဟာ အရမ်းကျဉ်းမြောင်းနေပါက ဆေးဝါးတွေအပြင် သွေးကြောချဲ့ခြင်းကိုပါလုပ်ဆောင်ပါက ရောဂါဝေဒနာတွေကို သက်သာစေ၍ ရေရှည်အတွက်လည်း ပိုကောင်းပါတယ်။ပုံမှန်လုပ်ဆောင်နေကျ ခွဲစိတ်မှုမျိုးဖြစ်ပေမယ့်
နှလုံးသွေးကြောခွဲစိတ်ခြင်းကို အကြီးစားခွဲစိတ်မှုမျိုးသတ်မှတ်၍ အနည်းဆုံး ဆေးရုံမှာတစ်ပတ်ခန့်နေရ၍ လူကောင်းပကတိအတိုင်းသွားလာလှုပ်ရှားနိုင်ဖို့ ၆ ပတ်ကနေ ၈ပတ်အထိ အချိန်ယူရပါတယ်။
နှလုံးသွေးကြောခွဲစိတ်ခြင်းဆိုတာဘယ်လိုမျိုးလဲ
လူနာကိုမေ့ဆေးပေးပြီးနောက် ရင်ဘတ်နံရိုးကိုဖယ်ရှားကာ နှလုံးကိုမြင်ရအောင် ဦးစွာပြုလုပ်ပါတယ်။အများအားဖြင့် သွေးလှည့်ပတ်ခြင်းနဲ့ အသက်ရှုခြင်းလုပ်ငန်းဆောင်တာများကို နှလုံး-အဆုတ်စက်ဖြင့် ပြုလုပ်သော်လည်း တခါတရံမှာတော့ နှလုံးခုန်နေတဲ့အတိုင်းပဲပြုလုပ်လေ့ရှိပါတယ်။ ခွဲစိတ်ဆရာဝန်သည် ပေါင်မှသွေးပြန်ကြော(သို့)လက်မောင်းသို့ရင်ဘတ်မှသွေးလွှတ်ကြော အပိုင်းတစ်ခုကိုယူကာ ပိတ်ဆို့နေတဲ့နေရာကို အစားထိုးပေးပါတယ်။ တခါတရံမှာ သွေးကြောတစ်ချောင်းထက်ပိုပြီး ၃-၄ချောင်းထိ အစားထိုးဖို့လိုအပ်တတ်ပါတယ်။ သို့မှသာနှလုံးသို့ သွေးနဲ့အောက်ဆီဂျင်ပမာဏလုံလောက်စွာရောက်ရှိနိုင်မှာ ဖြစ်ပါတယ်။ ခွဲစိတ်ကုသချိန်က ၂နာရီနှင့်၆နာရီကြား ကြာမြင့်တတ်၍ ခွဲစိတ်ကုသမှုခံယူပြီးနောက် မနိုးလာခင်အချိန်ထိလူနာကို အထူးကြပ်မတ်ကုသဆောင်မှာ ထားထားပါတယ်။ အခြေအနေအားလုံးတည်ငြိမ်ပြီးဆိုတဲ့အခါမှ နှလုံးဆောင်သို့ပြောင်းရွှေ့ပေးပါတယ်။
အခြားခွဲစိတ်ကုသမှုတွေလိုပဲနှလုံးသွေးကြောအစားထိုးခြင်းဟာလည်း နောက်ဆက်တွဲ ဆိုးကျိုးတွေများစွာ ရှိပါတယ်။လေဖြတ်ခြင်း နှလုံးတိုက်ခိုက်ခံရခြင်းစတဲ့ သေစေနိုင်လောက်တဲ့ ဆိုးကျိုးတွေထိလည်းဖြစ်နိုင်ပါတယ်။ဘယ်အတိုင်းအတာထိ ဆိုးဆိုးရွားရွားခံရမယ်ဆိုတာကတော့ အသက်အရွယ် မိမိရဲ့ကျန်းမာရေးအခြေအနေ အရေးပေါ်အချိန်မှာ ပြုလုပ်တဲ့ခွဲစိတ်ကုသမှုနဲ့ နှလုံးအခြေအနေတွေပေါ်မှာ မူတည်ပါတယ်။ဒါကြောင့်
ခွဲစိတ်ကုသမှုမခံယူမီ နှလုံးအထူးကုဆရာဝန်မှ စမ်းသပ်စစ်ဆေးမှုတွေများစွာ ပြုလုပ်၍ခွဲစိတ်ပြီးနောက်ရရှိနိုင်မယ့် ကောင်းကျိုးဆိုးကျိုးတွေကို
ကြိုတင်တွက်ဆပါတယ်။ခွဲစိတ်ပြီးနောက်ရလဒ်ကတော့ ဆေးဝါး လူနေမှုပုံစံ စတဲ့အချက်အလက်တွေပေါ်များစွာ တည်မှီနေသော်လည်း
အောင်မြင်တဲ့အစားထိုးခွဲစိတ်မှုကတော့ ၈နှစ်ကနေ ၁၅နှစ်ထိခံတတ်ပါတယ်။
ဒေါက်တာ Khurana သည် နှလုံးရောဂါအထူးကုကထိက တစ်ဦးဖြစ်ပြီး သွေးကြောဆိုင်ရာရောဂါများ သွေးတိုးရောဂါနဲ့ သွေးကြောချဲ့ခြင်းအတွက် ကုထုံးများကို အထူးပြုစိတ်ဝင်စားတဲ့ ဆရာဝန်တစ်ဦးဖြစ်ပါတယ်။
အထူးပြုအခွဲ
သွေးကြောပုံရိပ်ဖော်ဓာတ်မှန်နှင့် ဒဏ်ရာအသေးဆုံးနည်းဖြင့် သွေးလွှတ်ကြောပိတ်ဆို့ခြင်းများကို ဖယ်ရှားခြင်း။