နှလုံးအဆို့ရှင်​အစားထိုးခြင်းနှင့်​ပြုပြင်​ခြင်း

 
 
G
M
T
 
 
 
 
 
 
 
 
 
 
 
 
 
Text-to-speech function is limited to 200 characters
 
[removed]
 
Options : History : Feedback : Donate Close

နှလုံးအဆို့ရှင်​​တွေဟာ နှလုံး​အတွင်းတည်​​ဆောက်​ပုံမှာ ပါဝင်​တဲ့ အစိတ်​အပိုင်း​တွေဖြစ်​ပြီး ​သွေး​ပြောင်းပြန်​စီးဆင်းမှုကို ဟန့်​တား​ပေးပါတယ်​။ အဆို့ရှင်​မလုံတာ​တွေ ကျဉ်း​နေတာ​တွေက ပြဿနာ​တွေဖြစ်​​စေနိုင်​ပါတယ်​။ ဆိုးဆိုးရွားရွားဖြစ်​စဉ်​​တွေမှာဆိုရင်​​တော့ အဆို့ရှင်​အစားထိုးဖို့လိုအပ်​တတ်​ပြီး အချို့သူ​တွေက​တော့ အသစ်​အစားထိုးဖို့မလိုဘဲ ရှိ​နေတဲ့ အဆို့ရှင်​ကိုပဲ ပြုပြင်​ဖို့လိုအပ်​ပါတယ်​။ အကယ်​၍အစားထိုးဖို့လိုအပ်​ပါက သတ္တု၊ ပလတ်​စတစ်​ (သို့) တိရစ္ဆာန်​မှ ထုတ်​ယူထားတဲ့ ပစ္စည်းစတာ​တွေနဲ့ အထူးပြုလုပ်​ထားတဲ့ အဆို့ရှင်​နဲ့ အစားထိုး​ပေးပါတယ်​။ နှလုံးအဆို့ရှင်​အစားထိုးခြင်းဟာ အ​ရေးကြီးတဲ့ခွဲစိတ်​မှုတစ်​ခုဖြစ်​၍ ​ဆေးရုံမှာတစ်​ပတ်​ခန့်​​နေဖို့လိုပြီး ပုံမှန်​အတိုင်းလှုပ်​ရှားသွားလာနိုင်​ဖို့ အချိန်​ ၆ပတ်​မှ ၈ပတ်​အထိကြာမြင့်​တတ်​ပါတယ်​။

ပင်မသွေးလွှတ်ကြောအဆို့ရှင်အစားထိုးခြင်း

ပင်မသွေးလွှတ်ကြောအလွန်အမင်းကျဉ်းနေတဲ့လူနာတွေဟာ ပုံမှန်ခွဲစိတ်မှုမျိုးပြုလုပ်ဖို့ရာ မသင့်တော်တဲ့အပြင် အန္တရာယ်လည်းများတဲ့အတွက် အရေပြားဒဏ်ရာရမှုအနည်းဆုံးဖြစ်တဲ့ ပြွန်ကိုအသုံးပြု၍ပင်မသွေးလွှတ်ကြောအဆို့ရှင်အစားထိုးခြင်းကို လုပ်ဆောင်ဖို့လိုပါတယ်။ ပေါင်ခြံ သို့ ရင်ဘတ်ရှိ ၆-၈ စင်တီမီတာရှိတဲ့ ဓားအရာထဲသို့ တစ်ရှူးအဆို့ရှင်ကို ဘောလုံးပြွန်နဲ့အတူထည့်လိုက်ပါတယ်။ ဆရာဝန်သည် နှလုံးဓာတ်မှန်နဲ့ မှန်ပြောင်းအကူအညီကိုယူ၍ အဆို့ရှင်လမ်းကြောင်းကိုကြည့်နေပါတယ်။ ရောဂါဖြစ်နေတဲ့ နေရာကိုရောက်တဲ့အခါ ကျဉ်းနေတဲ့အဆို့ရှင်နေရာမှာ အသစ်တစ်ခုကိုအစားထိုးပေးပါတယ်။ ဒီနည်းလမ်းဟာ နှလုံးကို ဖွင့်စရာမလိုတဲ့အတွက် လူနာကိုဒဏ်ရာရမှုနည်းစေတဲ့အပြင် နလန်ထချိန်တိုတောင်း၍ ဆေးရုံမှာလည်း အကြာကြီးနေဖို့မလိုပေ။ ဒါပေမယ့် ဒီနည်းလမ်းဟာအသစ်ဖြစ်တဲ့အတွက် ရေရှည်မှာ ရနိုင်တဲ့ အကျိုးရလဒ်တွေကိုတော့ သေချာမသိသေးပါဘူး။

ယနေ့ပင်အထူးကုဆရာဝန်တစ်ယောက်ယောက်နှင့်ရက်ချိန်းယူလိုက်ပါ။

Dr. Peter Ting | Cardiology

 

MBBS, MRCP (UK), MPH (Harvard), FACC, FAsCC, FAMS

ဒေါက်တာ Ting သည် နှလုံးအထူးကုကထိကတစ်ဦးဖြစ်ပြီး ပုံရိပ်ဖော်စစ်ဆေးခြင်း နှလုံးအဆို့ရှင်ပုံမမှန်မှုများနဲ့ နှလုံးသွေးကြောဆိုင်ရာရောဂါများကို အထူးပြုထားတဲ့ ဆရာဝန်တစ်ဦးဖြစ်ပါတယ်။ ထို့ပြင် တိုးတက်မှုအားနည်းတဲ့ နှလုံးသွေးကြောရောဂါရှင်များအတွက် လူနေမှုဘဝနဲ့ပတ်သက်တဲ့ကုသမှုပုဒ်များ အခြားကျန်းမာရေးပြဿနာတွေဖြစ်တဲ့ သွေးတိုးရောဂါ သွေးတွင်းအဆီဓာတ်များခြင်း ဆီးချိုရောဂါနဲ့ အဝလွန်ရောဂါတွေအတွက် လူနေမှုဘဝပုံစံ ပြောင်းလဲခြင်းဖြင့် ဆေးသောက်သုံးရမှုကို လျော့ချနိုင်ခြင်းစတဲ့ ဘာသာရပ်များကိုပါ လေ့လာ၍ လူနာများကို အကောင်းဆုံးလမ်းညွှန်မှုတွေပေးနေပါတယ်။

ယနေ့ပင်အထူးကုဆရာဝန်တစ်ယောက်ယောက်နှင့်ရက်ချိန်းယူလိုက်ပါ။

ဆက်သွယ်ရန်

၀၉ ၇၉၂၈၈၈၆၁၁

admin@ulinkmyanmar.com

အခန်း-၃၁၂(အေ) မဟာနဝရတ်ကွန်ဒို ၅၁လမ်း (အောက်) ဗိုလ်တစ်ထောင်မြို့နယ် ရန်ကုန်မြို့။တနင်္လာ-သောကြာ (၉နာရီ - ၆နာရီ)

Monday - Friday, 9am - 6pm