top of page

အတွင်း လမ်းညွှန် – Mount Elizabeth ဆေးရုံ

Mount Elizabeth Novena အတွက် Ulink’s အတွင်းလမ်းညွှန်

Mount Elizabeth Novena

Mount Elizabeth Novena ဆေးရုံသည် အသစ် ဖွင့်လှစ်ထားသော နည်းပညာ အဆင့်မြင့်ဆေးရုံဖြစ်သည်။ ဆေးရုံရဲ့ ထူးခြားတဲ့ အခန်းများ၊ ပါဝင်သော ဝန်ဆောင်မှုများ နှင့်ဆေးကုသရာတွင် အသုံးပြုသော ပစ္စည်များကြောင့် Mount Elizabeth Novena ဆေးရုံသည် တတ်နိုင်သော လူနာများကြားတွင် ရေပန်းစားပြီးအောင်မြင်ကျော်ကြားလေသည်။

လူနာ၇ှင်နှင့် မိသားစုများမှ၇၇ှိသော စစ်တမ်းများအ၇ Mount Elizabeth Novena ကို ရွေးချယ်ကြခြင်းမှာ အောက်ပါအချက်များကြောင့်ဖြစ်ပါသည်။

1. ပရီမီယံ ကျန်းမားရေး ဝန်ဆောင်မှု အတွေ့အကြုံ

ဆေးရုံ + ဟိုတယ်

စင်ကာပူရှိ ဆေးရုံတွေထဲမှ Mt Elizabeth Novena ဆေးရုံသည် ပထမဦးဆုံး ဆေးရုံနှင့် ဟိုတယ် တွဲဖက်ဖွင့် လှစ်ခဲ့သော ဆေးရုံဖြစ်သည်။ လူနာများမှ မိမိ၏ ရောဂါဝေဒနာများကို စိတ်သက်သက် သာသာဖြင့် ဆေးကုသနိုင်သလို အဆင့်မြင့်ဟိုတယ်ကြီးများတွင် အနားယူရသကဲ့သို့ ဆေးကုသနိုင်ခြင်းဖြစ်သည်။ ဆေးရုံတွင် တစ်ယောက်ခန်းများသာ ထားခြင်းဖြစ် လူနာတွေရဲ့ ဆေးကုသမှု အဆင်ပြေချောမွေ့နိုင်ရန် စီစဉ်ထားခြင်းဖြစ်သည်။

ကိုယ်တိုင်လေ့လာနိုင်ရန်၊၊ (ဤ နေရာတွင်နှိပ်ပါ)

အခန်း။

ရေချိုးခန်း။

မိသားစုများ အတွင် အနီးဆုံးတွင် Oasia Hotel တွင်တည်းခိုနိုင်ပြီး လမ်းလျှောက်လျှင် တစ်မိနစ်မျှသာ ဝေးသော အကွာ အဝေးဖြစ်သည်။

2. ဆရာဝန် သစ်လွင်များ

ငယ်ရွယ်ပြီး ကျွမ်းကျင်သော အစိုးရ ဆရာဝန် အများစုဟာလည်း Mt Elizabeth Novena ဆေးရုံတွင် ဆေးကုသလျက် ရှိကြပါတယ်။ အဆိုပါ ဆရာဝန်များမှာ

• Dr Ivan Ng: အရင်တုန်းက Singapore General ဆေးရုံရဲ့ ဦးနှောက်နှင့်အာရုံကြော ဌာန အကြီးဆုံးဖြစ်ပါတယ်။ (Click here)

• Dr Ernest Wang: အရင်တုန်းက Changi General ဆေးရုံရဲ့ ဦးနှောက်နှင့်အာရုံကြော ခွဲစိပ် ဌာန အကြီးဆုံးဖြစ်ပါတယ်။ (Click here)

• Dr Peng Yeong Pin: အရင်တုန်းက အသေးစား ပြန်လှည် ပြုပြင် ခွဲစိပ်ခြင်း ဌာနရဲ့ သမားတော်ဖြစ်ပါတယ်။ (Click here)

3._နောက်ဆုံးပေါ် ကျန်းမာရေး ကုသသည့် နည်းပညာများ

• Hybrid operating theatre:

စက်ပစ္စည်းများဖြင့် ခွဲစိပ်ကုသခြင်း ဆိုသည်မှာ နောက်ဆုံးပေါ် ရောဂါရှာဖွေသည့် စက်ကြီးများနှင့် ခွဲစိပ်ဆရာဝန်များ ပူးပေါင်း၍ ခွဲစိပ်ခြင်းဖြစ်သည်။ အဆိုပါ ခွဲစိပ်ကုသခြင်းကို Mt Elizabeth Novena ဆေးရုံ မှ စင်ကာပူတွင် ပထမဦးဆုံးပြုလုပ်ခြင်းဖြစ်ပြီး ခွဲစိပ်ရာတွင် စက်ပစ္စည်းများ အသုံးပြုခြင်းကြောင့် အောင်မြင်မှုများပြီး လူနာအတွက် ပြန်လည်နာလံထရန်လည်း ရက်တိုတောင်းလေသည်။

• TrueBeam STx System:

နောက်ဆုံးပေါ် ဓာတ်ရောင်ခြည် ကုသ သည့်စက်ကြီးများဖြင့် အဆုပ်ကင်ဆာ၊ ဦးခေါင်းကင်ဆာ၊ သားမြတ် ကင်ဆာ၊ ဆီးကြိတ် ကင်ဆာ စသည့် ကင်ဆာရောဂါ အမျိုးမျိုးကို Mt Elizabeth Novena ဆေးရုံတွင် ဓာတ်ရောင်ခြည် ကုသနိုင်သည်။

ထို့အပြင် Radiosurgery နည်းပညာဆိုသည်မှာ တိကျသော ဓာတ်ရောင်ခြည် ကုထုံးများဖြင့် ဓာတ်ကင်၍ ကင်ဆာရောဂါအား ခန္ဓာကိုယ်မှ ခွဲစိပ်ရန် မလိုဘဲ တိုက်ဖျက်ခြင်းဖြစ်သည်။ ကျောရိုးမကြီးနှင့် နီးစပ်သော ကင်ဆာ ရောဂါများ၊ အခြား အသက်အန္တရာယ်နှင့် နီးစပ်သော ကင်ဆာရောဂါများတွင် အထက်ပါ နည်းပညာ ကိုအသုံးပြု ၍ရပါသည်။

အောက်ပါ ရောဂါများသည် ကျွန်တော်တို့ရဲ့ ဖောက်သည်များ Elizabeth Novena ဆေးရုံတွင် ကုသလေ့ရှိသော ရောဂါများဖြစ်ကြသည်။

•_နှလုံးရောဂါ

>_နှလုံးသွေးကြော ရောဂါ

>_နှလုံးခုန် စက်ထည့်ခြငး

• ဆီးချိုရောဂါ

•_ဟောမုန်း နှင့်ပတ်သတ်သော ရောဂါများ

>အရိုးပွခြင်း

>ဇီဝ အရိုးရောဂါများ

• နား၊နှာခေါင်း၊ လည်းပင်းရောဂါများ

>အိပ်လျှင် ဟောက်သည့်ရောဂါများ

>ဦးနှောက်၊ နှာခေါင်းနှင့် အခြားနေရာများရှိ လှိုင်းခေါင်းပေါက်များတွင် ရောဂါများ

>နားမကြားသည့်ရောဂါများ

>နားတာရှည် လည်ပင်းနာသည့်ရောဂါများ

• ကူးဆက်တက်သည့်ရောဂါများ

>မှို၊ ကပ်ပါးနှင့် ဘတ်တီးရီးရားကြောင့် ကူးဆက်တက်သည့်ရောဂါများ

• ဦးနှောက်နှင့် အာရုံကြောရောဂါများ

>_ကျောရိုးမကြီး ဆိုင်ရာရောဂါများ

>ဦးနှောက် အကြိတ်ကင်ဆာ

•အခြားကင်ဆာရောဂါများ

>အမျိုးသမီး သားမြတ် ကင်ဆာ

>အစာအိမ် ကင်ဆာ

>အူမကြီး ကင်ဆာ

>အမျိုးသမီး နှင့်ဆိုင်သော ကင်ဆာရောဂါများ

•အရေပြား ဆိုင်ရာရောဂါများ

>အမွှေးကျွတ်ခြင်း

>လက်သည်း၊ ခြေသည်းရောဂါများ

Mt Elizabeth Novena တွင် တာဝန်ထမ်းဆောင်နေသော ဆ၇ာဝန်ပေါင်း ၂၇၁ ယာက်ခန့်၇ှိပါသည်။ ကျွန်ုပ်တို့မှ လူနာ၇ှင်များ အတွက် အောက်ပါအထူးကုများနှင့် တိုင်ပင်ဆွေးနွေး ကုသနိုင်၇န် စီစဉ်ပေးပါသည်။ ထိုအထူးကုများမှာ လူနာများထံမှ ပြန်လည်ကောက်ခံသော စစ်တမ်းများပေါ်မူတည်၇်ျေ၇ွးချယ်ထားခြင်း ဖြစ်ပါသည်။

Dr Reginald Liew

• Dr Liew သည် နှလုံးအထူးကု ဆရာဝန်ဖြစ်ပြီး အရင်က စင်ကာပူ အမျိုးသားနှလုံးဌာနရဲ့ လက်ထောက် ညွှန်ကြားရေးမှုးလည်းဖြစ်သည်။ (click here)

Dr Rohit Khurana

• Dr Khurana သည် နှလုံးအထူးကု ဆရာဝန် ဖြစ်ပြီး သွေးတိုးရောဂါနှင့် နှလုံးသွေးကြောပိတ်ရောဂါများကို အထူးပိုင်နိင်စွာ ကုသနိုင်သူဖြစ်သည်။ Duke-NUS Graduate ဆေးကျောင်းရဲ့သင်ကြားရေး ပါမောက္ခ လည်းဖြစ်သည်။ (Click here)

Dr Sue Lo

• Dr Lo သည် ကင်ဆာအထူးကု ဖြစ်ပြီး သားမြတ် ကင်ဆာ၊ အမျိုးသမီး နှင့်ဆိုင်သည့် ကင်ဆာ ရောဂါများ၊ အူလမ်းကြောင်း ကင်ဆာရောဂါများ ကိုအထူးကျွမ်းကျင်သူဖြစ်သည်။ Click here

Dr Ivan Ng

• Dr Ng သည် ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ခွဲစိပ် ဆရာဝန်ဖြစ်ပြီး အရင်က စင်ကာပူ ဆေးရုံရဲ့ ဦးနှောက်နှင့်အာရုံကြောခွဲစိပ် ဌာန အကြီးဆုံး လည်း ဖြစ်သည်။ (Click here)

Dr Ernest Wang

• Dr Wang သည် ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ခွဲစိပ် ဆရာဝန်ဖြစ်ပြီး အာရုံကျောမကြီး ခွဲစိပ်ပြုပြင်ရာတွင် အထူးကျွမ်းကျင် သည်။ အရင်က Changi General ဆေးရုံရဲ့ ဦးနှောက်နှင့်အာရုံကြောခွဲစိပ် ဌာန အကြီးဆုံး လည်း ဖြစ်သည်။ (Click here)

Dr Leong Hoe Nam

• Dr Leong သည် ကူးဆက်ရောဂါများနှင့် ပတ်သတ်သည့် အထူးကုဖြစ်ပြီး ဗိုင်းရပ်(စ်) ကူးဆက်ရောဂါများ အားအထူးကျွမ်းကျင်စွာ ကုသနိုင်သူဖြစ်သည်။ (Click here)

Dr Leonard Ang

• Dr Ang သည် မျက်စိနှင့်ပတ်သတ်ပြီး အထူးကျွမ်းကျင်စွာ ကုသနိုင်သူဖြစ်ပြီး အတွင်းတိမ်၊ အပြင်တိမ် ခွဲစိပ်ခြင်း၊ မျက်ကြည်လွှာ အစားထိုးခြင်း စသည်တို့ကို ပြုလုပ်နိုင်သည်။ အရင်က စင်ကာပူ မျက်စိရောဂါဌာနရဲ့ လက်ထောက် ပါမောက္ခ လည်းဖြစ်သည်။ (Click here)

Dr Ang Kian Chuan

• Dr Ang သည် အရိုးရောဂါ ခွဲစိပ် ဆရာဝန်ဖြစ်ပြီး ပခုန်းနှင့် ဒူးခေါင်း ခွဲစိပ်ကျွမ်းကျင် ဆရာဝန်ဖြစ်သည်။ (Click here)

Dr Alvin Ng

• Dr Ng သည်ဟောမုန်းရောဂါ များနှင့်ပတ်သတ်ပြီး အထူးကျွမ်းကျင်သူ ဖြစ်ပြီး အရိုးပွရောဂါများ၊ အခြား ဇီဝ အရိုးရောဂါများအား ကျွမ်းကျင်စွာ ကုသနိုင်သူဖြစ်သည်။ Duke-NUS Graduate ဆေးကျောင်းရဲ့သင်ကြားရေး တွဲဖက် ပါမောက္ခ လည်းဖြစ်သည်။ (Click here)

Dr Eileen Tan

• Dr Tan သည် အရေးပြားအထူးကု ဖြစ်ပြီး အမေရိကန်မှ အသိအမှတ်ပြုလက်မှတ် ရထားသည့် စင်ကာပူနိုင်ငံ၏ ပထမဆုံးဆရာဝန်ဖြစ်သည်။ (Click here)

Mount Elizabeth Novena ဆေးရုံတွင် သွားရောက်ကုသမည့်လူနာများအတွက် အောက်ပါ ဟိုတယ်များသည် တည်းခိုသူများထံမှ ကောင်းမွန်သော သုံးသပ်ချက်များ ရရှိထားသည့် ဟိုတယ်များ ဖြစ်ပါသည်။

အနီးအနားရှိ သွားရောက်ရန် လွယ်ကူသောစားသောက်ဆိုင်များမှာ

1. United Square Click here

2. Velocity @ Novena Click here

3. Newton Circus Food Center Click here

အသေးစိပ် သိရှိလိုပါက ယူလင့်(ခ်)ြ

မန်မာသို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။

If you need any assistance, simply ask!

(အမည် ၊ကျန်းမာေ၇းအခြေအနေ၊ Novena)

Featured Posts
Recent Posts
Archive
Search By Tags
Follow Us
  • Facebook Basic Square
  • Twitter Basic Square
  • Google+ Basic Square
bottom of page