top of page

ဒီဇင်​ဘာမှာ ကျန်းမာ​ရေး​စစ်​​ဆေးလိုသူများအတွက်​ မရလိုက်​ မဖြစ်​​စေရန်​ ယခုပင်​ စာရင်း​ပေးလိုက်​ပါ…

ဒီဇင်ဘာလမှာ ခွင့်ရက်ရှည်ရတာကြောင့်အပြင် အာမခံအတွက် သက်တမ်းတိုးဖို့လိုတာကြောင့်အများစုဟာ ဒီဇင်ဘာမှာ နှစ်စဉ် ကျန်းမာရေး စစ်ဆေးမှုကို ပြုလုပ်လိုကြပါတယ်။ ဒါပေမယ့် ဒီဇင်ဘာလဟာ ခရီးသွားရာသီဖြစ်တာနဲ့အညီ အလွန်ကြပ်တည်းတဲ့ကာလဖြစ်တာကြောင့် ခုကတည်းက ကြိုတင်စာရင်းပေးသွင်းထားပါမှ စိတ်ချရမှာဖြစ်ပါတယ်။ လူအများစုဟာ ကျန်းမာရေးစစ်ဆေးမှုကိုပြုလုပ်လိုတဲ့ အကြောင်းအရင်းတွေကတော့ – ၁)ရောဂါကို ကြိုတင်သိရှိခြင်းဖြင့် ဝေဒနာမခံစားရတဲ့အပြင် ကုန်ကျစရိတ်ကိုလည်းသက်သာစေနိုင်ပါတယ်။ ၂)အချို့သော ရောဂါရှာဖွေတဲ့စစ်ဆေးမှုတွေဖြစ်တဲ့ ရင်သားဓာတ်မှန်၊ အူမကြီးမှန်ပြောင်းကြည့်ခြင်း နှင့် ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်းတို့ကို အာမခံကုမ္ပဏီမှ ကုန်ကျခံလေ့ရှိပါတယ်။ ၃) အလွန်အလုပ်များနေပါက အရေးကြီးတဲ့စစ်ဆေးမှုတွေကိုသာ ရွေးချယ်ပြုလပ်နိုင်ပါတယ်။ စင်ကာပူနိုင်ငံရဲ့ ကျန်းမာရေးတိုးတက်ကောင်မွန်စေရေးအဖွဲ့နဲ့ အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့်ကာ.ကွယ်ရေးဦးစီးဌာနတို့ရဲ့ အကြံပြုချက်အရ ရောဂါကြိုတင်ကာကွယ်နိုင်ရန်အောက်ပါကျန်းမာရေးစစ်ဆေးမှုတွေကို ပြုလုပ်သင့်ပါတယ်လို့ သိရပါတယ်။

အထက်ပါစစ်ဆေးမှုများသည် အများအားဖြင့် အခြေခံကျန်းမာရေးစစ်ဆေးမှုများတွင် ပါဝင်တတ်ကြပါတယ်။ စင်ကာပူနိုင်ငံရဲ့ အကောင်းဆုံး ကျန်းမာရေးစစ်ဆေးမှုဌာန၃ခုကို Ulink မှချိတ်ဆက်၍ ဧည့်သည်တော်များ အတွက် စိတ်ကျေနပ်မှုအပြည့်ဝဆုံး ဝန်ဆောင်မှုပေးနေပါပြီ

  • Raffles Hospital (packages: link)

  • Farrer Park Hospital (packages: link)

  • Lifescan (packages: link)

ဒီဇင်ဘာရဲ့ ကြပ်တည်းမှုတွေကို ရှောင်ရှားနိုင်ဖို့ ယခုပင် စာရင်းပေးလိုက်ကြပါစို့။

ကိုးကားချက်:

အသေးစိတ်သိရှိလိုပါက enquiry@ulinkassist.com သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

Featured Posts
Recent Posts
Archive
Search By Tags
Follow Us
  • Facebook Basic Square
  • Twitter Basic Square
  • Google+ Basic Square
bottom of page