top of page

အမျိုးသမီးများအတွက် မျိုးဥအေးခဲခြင်း – အပိုင်း (၃)


အပိုင်း ၃ – ကုန်ကျစရိတ်နှင့်အခြားအမေးများသောမေးခွန်းများ

ပြီးခဲ့တဲ့ပို့စ်​မှာတုန်းက, မျိုးဥ​အေးခဲခြင်းပြုလုပ်​ပုံအဆင့်​ဆင့်​နဲ့ နာမည်​ကြီးကျန်းမာ​ရေးစင်​တာ​တွေအ​ကြောင်းကို မိတ်​ဆက်​​ပေးခဲ့ပါတယ်​။

ဒီတစ်​​ခေါက်​မှာ​တော့ မျိုးဥ​အေးခဲခြင်းနဲ့ပက်​သက်​၍ ယူလင့်​ခ်​ဧည့်​သည်​​တော်​များထံမှ အ​မေးများတဲ့ ​မေးခွန်း​တွေကို ပြန်​လည်​​ဖြေကြား​ပေးမှာဖြစ်​ပါတယ်​။

၁) မျိုးဥအေးခဲခြင်းအတွက် ကုန်ကျစရိတ်ဘယ်လောက်ရှိပါသလဲ?

မ​လေးရှားမှာ မျိုးဥ​အေးခဲခြင်းလုပ်​မယ်​ဆိုရင် မလေးရှားရင်းဂစ် ၁၈၀၀၀ မှ ၂၅၀၀၀ ​ ထိရှိပြီး နှစ်​စဉ်​ထိန်းသိမ်းခက​တော့ တစ်​နှစ်​လျှင် ရင်းဂစ် ၁၀၀၀​ ဖြစ်​ပါတယ်​။ အထက်​ပါကုန်​ကျစရိတ်​မှာ ​ဆေးဝါးများ၊ဆရာဝန်​စမ်းသပ်​ခ၊ဖန်​ပြွန်​သ​န္ဓေသားအတွက်​ ဓာတ်​ခွဲစမ်းသပ်​မှုများ၊ခွဲစိတ်​ခန်းအဖိုးအခ စတာ​တွေအားလုံး ပါဝင်​ပါတယ်​။ ၂) ဘာတွေကြိုတင်ပြင်ဆင်ဖို့လိုလဲ?

မျိုးဥရယူခြင်းမပြုလုပ်​မီ – – ည ၁၂ နာရီ​နောက်​ပိုင်းဘာမှမစားမ​သောက်​ပါနှင့်​။အနည်းဆုံး ၆ နာရီခန့်​အစာနဲ့​ဝေးဖို့လိုအပ်​ပါတယ်​။ – မနက်​ပိုင်း​ရေချိုးတဲ့အခါမှာ ​ရေဖြင့်​သာချိုးပါ။ဆပ်​ပြာ၊​ရေ​မွှေးနဲ့မိတ်​ကပ်​များသုံးခြင်းကို​ရှောင်​ကြဉ်​ပါ။ – မျိုးဥစု​ဆောင်းခြင်းကို အိပ်​​ဆေးဖြင့်​ပြုလုပ်​မှာဖြစ်​ပြီး ၁၅-၂၀ မိနစ်​ခန့်​သာကြာမြင့်​နိုင်​ပါတယ်​။ မျိုးဥစု​ဆောင်းပြီး ၂ နာရီအကြာတွင်​အိမ်​ပြန်​နိုင်​မှာဖြစ်​ပါတယ်​။ဖြစ်​နိုင်​လျှင်​​တော့ မိသားစုဝင်​တစ်​​ယောက်​​ယောက်​(သို့) သူငယ်​ချင်းတစ်​​ယောက်​​ယောက်​ကို အ​ဖော်​​ခေါ်လာသင့်​ပါတယ်​။

၃) အချို့အဆင့်တွေကို မြန်မာပြည်မှအထူးကုတွေနဲ့ပြုလုပ်လို့ရပါသလား?

အဆင့်​​တွေအကုန်​လုံးကိုမ​လေးရှားမှာ​နေပြီးပြုလုပ်​မယ့်​အစား အဆင့်​ ၁ ကိုမြန်​မာနိုင်​ငံမှာပဲ အထူးကု ဆရာဝန်​​တွေနဲ့ အတူတကွပူး​ပေါင်းပြီး ပြုလုပ်​နိုင်​ပါတယ်​။ အဆင့်​ ၂ (၁၀ ရက်​​မြောက်​​နေ့​နောက်​ပိုင်း) အ​တောအတွင်းမှာ​တော့ ကွာလာလမ်​ပူမှာရှိတဲ့ မျိုးဥ​အေးခဲတဲ့စင်​တာကို သွား​ရောက်​ဖို့လိုအပ်​ပါတယ်​။

ယူလင့်​ခ်​ရဲ့ဧည့်​သည်​​တော်​​တော်​​တော်​များများက​တော့ ဒီလိုစီစဉ်​​ပေးမှုကို ပိုသ​ဘောကျ​လေ့ရှိကြပါတယ်​။ ဘာလို့လဲဆို​တော့ မ​လေးရှားကိုတစ်​​ခေါက်​ပဲသွားရတဲ့အပြင်​ တချို့အဆင့်​​တွေကို မြန်​မာနိုင်​ငံမှာပြုလုပ်​လို့ရတဲ့အတွက်​ ပိုပြီးအဆင်​​ပြေနိုင်​လို့ပါ။

၎) မြန်မာနိုင်ငံမှာပြုလုပ်လို့ရတဲ့အဆင့်တွေကို ဘယ်မှာလုပ်လို့ရပါသလဲ?

ယူလင့်​ခ် ​ဖုန်း- ၀၉၇၉၂၈၈၈၆၁၁/ admin@ulinkmyanmar.com ကိုဆက်​သွယ်​​မေးမြန်းနိုင်​ပါတယ်​။

၅) မျိုးဥတွေကိုနောင်တစ်ချိန်မှာ ပြန်လည်အသုံးပြုမယ်ဆိုရင် လုပ်ဆောင်ရမှာတွေက ဘာတွေလဲ? မလေးရှားမှာမျိုးဥတွေသိမ်းဆည်းထားခြင်းနဲ့ ပက်သက်ပြီး ကန့်သတ်ထိန်းချုပ်ထားတာမျိုးရှိပါသလား?

မျိုးဥ​တွေကိုအသုံးပြုနိုင်​ရန်​ ​အေးခဲ​နေတာ​တွေကို အရည်​​ဖျော်​ချဖို့ စင်​ကာပူ​ဒေါ်လာ ၇၀၀ ခန့်​ကျသင့်​မှာဖြစ်​ပြီး ခွဲစိတ်​ခန်းအသုံးပြုခြင်း၊မိန်းမကိုယ်​ထဲသို့သုတ်​ပိုးထည့်​သွင်းခြင်း၊သ​န္ဓေသား​လောင်းမဖြစ်​မီအဆင့်​တွင်​စစ်​​ဆေးခြင်း၊​လေဆာ​ရောင်​ခြည်​အကူအညီဖြင့်​မျိုးဥ​ဖောက်​ခြင်း၊ပိုလျှံ​နေ​သောသား​လောင်းများကိုပြန်​လည်​​အေးခဲ​စေခြင်း စတာ​တွေအတွက်​က​တော့ စုစု​ပေါင်း​ စင်​ကာပူ​ဒေါ်လာ ၂၆၀၀ ကျသင့်​နိုင်​ပါတယ်​။

မ​လေးရှားနိုင်​ငံမှာမျိုးဥ​တွေကိုအသုံးပြုဖို့ မတားမြစ်​ထားသလို ​အေးခဲ​နေတဲ့မျိုးဥ​တွေကို ကမ္ဘာတစ်​ဝှမ်းလုံးမှာရှိတဲ့ စင်​တာ​တွေကိုလည်း ပို့နိုင်​ပါတယ်​။ ထို့ပြင်​ (နိုင်​ငံ​တော်​​တော်​များများ – စင်​ကာပူ၊သြစ​တြေးလျ၊ အင်္ဂလန်​မှာခွင်​မပြုတဲ့) က​နဦးမျိုးရိုးစစ်​​ဆေးခြင်း နဲ့ ကျားမ​ရွေးချယ်​ခြင်း များကို လည်း မ​လေးရှားနိုင်​ငံမှာလုပ်​​ဆောင်​နိုင်​ပါတယ်​။

မလေးရှားနိုင်ငံမှာမျိုးဥအေးခဲခြင်းကို ပြုလုပ်ရန်စိတ်ဝင်စားပါက ယခုပင်ယူလင့်ခ်နှင့်ဆက်သွယ်လိုက်ပါ။

Featured Posts
Recent Posts
Archive
Search By Tags
Follow Us
  • Facebook Basic Square
  • Twitter Basic Square
  • Google+ Basic Square
bottom of page