top of page

ရေလုံလောက်စွာ မသောက်ခြင်းကြောင့် ဦးနှောက်ကိုထိခိုက်နိုင်

အမေရိကန်သုတေသီများက ရေဓာတ်ခန်းခြောက်မှုကြောင့် စဉ်းစားတွေးတောမှုဆိုင်ရာ ဦးနှောက်၏ ဆောင်ရွက်ချက်အပေါ် ထိခိုက်နိုင်ပုံကို လေ့လာခဲ့ပြီး ပူပြင်းသောနွေရာသီတွင် အရည် များမသောက်ဘဲ နာရီအနည်းငယ်ပြင်းပြင်းထန်ထန် လှုပ်ရှားရုံဖြင့် အာရုံစူးစိုက်မှုကို ထိခိုက်စေနိုင်ကြောင်း လေ့လာတွေ့ရှိခဲ့သည်။

ဂျော်ဂျီယာနည်းပညာ အင်စတီကျုဒ်မှ သုတေသီများက လေ့ လာမှု ၃၃ ခု၏ အချက်အလက်များကို စိစစ်ကာ ပြင်းထန်သော ရေဓာတ်ခန်းခြောက်မှုက စဉ်းစားတွေးတောမှု ဉာဏ်ရည်အပေါ် ထိခိုက်မှုများကို အဓိကထားလေ့လာခဲ့သည်။ ယင်းအခြေအနေကို အားစိုက်လှုပ်ရှားမှု၊ အပူချိန်မြင့်တက်နေချိန်နှင့် ရေမသောက်သော အချိန်များတွင် မည်သူမဆိုကြုံတွေ့ရနိုင်သည်။

ရေဓာတ်ခန်းခြောက်ခြင်းကြောင့် မတော်တဆဖြစ်နိုင်သည့် အန္တရာယ်ပင်မြင့်မားကြောင်း သုတေသီများက သတိပေးသည်။ ဥပ မာချွေးအလွန်ထွက်ခြင်းနှင့် အန္တရာယ်ရှိသော စက်ပစ္စည်းများ ပေါင်းစပ်ပါဝင်သည့် အခြေအနေမျိုးများတွင် မတော်တဆဖြစ်နိုင် သည့် အန္တရာယ်ရှိသည်။

ရေဓာတ်ခန်းခြောက်နေသူအများစုသည် အာရုံစူးစိုက်မှုနှင့် ဆက်စပ်သော အလုပ်များလုပ်နေစဉ် အမှားများပိုလုပ်လေ့ရှိပြီး လျင်မြန်စွာ တုံ့ပြန်ရမည့်လှုပ်ရှားမှုမျိုးလည်း နည်းပါးကြောင်း သု တေသီများက လေ့လာတွေ့ရှိသည်။

ရေဓာတ်ခန်းခြောက်မှုဆိုးရွားနေချိန်တွင်ပင် အရိုးရှင်းဆုံး တုံ့ ပြန်ရမည့် အလုပ်များ၌ ထိခိုက်မှုနည်းသော်လည်း အာရုံစူးစိုက်မှု လိုအပ်သောအလုပ်များအပေါ် ထိခိုက်မှုများကြောင်း သုတေသန အဖွဲ့ခေါင်းဆောင် မင်ဒီမီလာ့ဒ်စတတ်ဖို့ဒ်က ပြောသည်။

ရှည်ကြာသောအစည်းအဝေးတွင် အာရုံစူးစိုက်ပြီးနေရခြင်း၊ ကားမောင်းခြင်း၊ သတိရှိရှိနေရန် လိုအပ်သည့် ပူလောင်သော စက် ရုံတွင်းထပ်တလဲလဲ လုပ်ရသော အလုပ်တို့သည် ရေဓာတ်ခန်း ခြောက်မှုကြောင့် ထိခိုက်နိုင်သော အချို့သော အလုပ်များဖြစ် ကြောင်း ၎င်းကပြောသည်။

ခန္ဓာကိုယ်ကရေဓာတ် ၂ ရာခိုင်နှုန်းဆုံးရှုံးပါက အားကစားလုပ် နိုင်စွမ်း (သို့မဟုတ်) ဂီတကိုလက်ခံနိုင်မှုကဲ့သို့ ရုပ်ပိုင်းဆိုင်ရာ စွမ်း ရည်များအပေါ် ထိခိုက်ပြီး ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိသည့် စွမ်းရည်ကိုလည်း ထိခိုက်စေနိုင်ကြောင်း သုတေသီများကပြော သည်။

ရေသည်အရေးအပါဆုံး အာဟာရဓာတ်ဖြစ်သော်လည်း ရေ အလွန်များပြားစွာ မသောက်သုံးရန် သုတေသီများက သတိပေး သည်။

—Ref:AFP

Featured Posts
Recent Posts
Archive
Search By Tags
Follow Us
  • Facebook Basic Square
  • Twitter Basic Square
  • Google+ Basic Square
bottom of page