Sleep Apnoea လို့ခေါ်တဲ့ အိပ်စက်ရင်း အသက်ရှူရပ် ခြင်း။
အိပ်စက်ရင်း ဟောက်တာဟာ ပုံမှန်ပါပဲ၊၊ သို့သော်

Sleep Apnoea လို့ခေါ်တဲ့ အသက်ရှူရပ် ခြင်းကြောင့်ဖြစ်ပေါ်စေသော ဟောက်တာကတော့ပုံမှန် မဟုတ်ပါ။
ဟောက်တဲ့လူတိုင်း အသက်ရှူရပ်တဲ့ရောဂါ မရှိပေမဲ့၊ အသက်ရှူရပ်တဲ့ ရောဂါ ရှိတဲ့လူတိုင်းကတော့ ဟောက်တယ် ဆိုတာ သင်သိပါသလား။
အသက်ရှူရပ်တဲ့ ရောဂါနှင့် ပတ်သက်ပြီး သင်သိသင့်တဲ့ အချက် (၃) ချက် ကတော့
(၁) ဒီရောဂါဟာ အလွန်ဆိုးဝါးတဲ့ရောဂါဖြစ်ပြီး ပုံမှန် အသက်ရှူနေရင်းမှ အနည်းဆုံး ဆယ် စက္ကန့်လောက် အသက်ရှူရပ်သွားခြင်းဖြစ်ပြီး၊ တစ်နာရီအတွင်း ငါးကြိမ်ထက် မနည်း ဒီလိုဖြစ်တတ်ပါတယ်။
(၂) လူနာ အများစုဟာ သုံးဆယ်မှ လေးဆယ် အတွင်း အမျိုးသားတွေဖြစ်တတ်ပြီး
အချို့ ရာသီဆုံးသွားပြီဖြစ်တဲ့ အမျိုးသမီးတွေမှာလည်း ဖြစ်တတ်ပါတယ်။
(၃) မွေးကင်းစ ကလေးငယ်တွေနှင့် သာမှန်ကလေးတွေမှာလည်း ဖြစ်တတ်ပါတယ်။
အကယ်၍ မကုဘဲထားပါက အသက်ရှူရပ်တဲ့ ရောဂါဟာ အောက်ပါတို့ ကိုပါဖြစ်ပေါ်စေပါတယ်။

သင်ဘာလုပ်သင့်သလဲ ?
အထူးကု သမားတော်နှင့် ပြသင့်ပြီး သင့်ရဲ့ ကျန်းမာရေး အချက်အလက်များ၊ ဦးခေါင်းနှင့် လည်ပင်းတို့ကိုပါ သေချာစစ်ဆေးသင့်ပါတယ်။ အကယ်၍ ဆရာဝန်ကသာ အသက်ရှူရပ်တဲ့ ရောဂါနှင့် ပတ်သက်ပြီး သံသယ ရှိမယ်ဆိုရင် သင့်ရဲ့ တစ်ညတာ အိပ်စက်ခြင်းကို စောင့်ကြည့်လေ့လာမှာ ဖြစ်ပါတယ်။
ပုံမှန်ကုသတဲ့ နည်းလမ်းတွေက ဘာတွေလဲ ?
ရောဂါရဲ့အခြေအနေအပါ် မူတည်ပြီး ကုသတဲ့နည်းလမ်းတွေကတော့
အသက်ရှု လမ်းကြောင်းအားလေဖိအားပေးခြင်း (CPAP)
ယခုလက်ရှိ ကုထုံးတွေထဲမှာတော့ အကောင်းဆုံးကုထုံးဖြစ်ပါတယ်။ ဘယ်လိုလုပ်လဲ ဆိုတော့ အသက်ရှူ လမ်းကြောင်းကို လေဖိအားပေးနိုင်ရန် စက်ပစ္စည်းလေးကို နှခေါင်းမှာ တပ်ပြီး ညဘက် အိပ်စက်ရတာ ဖြစ်ပါတယ်။
ပါးစပ်တွင် တပ်ရသော ပစ္စည်းများ
ထိုပစ္စည်းတွေဟာ ပါးစပ်ထဲထည့်ပြီး အပေါ်မေးရိုးကို အရှေ့သို့ တွန်းပို့လိုက်ခြင်းအားဖြင့် အသက်ရှူလမ်းကြောင်းကို ပို၍ချဲ့စေပါတယ်။ ထိုသို့ပြုလိုက်ခြင်းအားဖြင့် အသက်ရှူလမ်းကြောင်း တလျှောက် တွန်းကန်အားကို လျော့နည်းစေပါတယ်။
ခွဲစိပ်ခြင်း
အိပ်စက်ရင်း အသက်ရှူရပ်တာဟာ ကြာလာရင် နှလုံးကိုထိခိုက်နိုင်သလို လေဖြတ်သည် အထိပါဖြစ်ပေါ်စေနိုင်ပါတယ်။ ဒီလိုအခြေအနေရောက်ပြီ ဆိုရင်တော့ ခွဲစိပ်ကုသဖို့ အကြံပြုပါရစေ။ အသက်ရှူလမ်းကြောင်းကို ပိတ်စေတဲ့အရာ တွေကို ခွဲစိပ်ရှင်းထုပ်လိုက်ခြင်း အားဖြင့် အသက်ရှူ လမ်းကြောင်း ကျယ်သွားသလို ရောဂါပိုမိုမဆိုးရွားအောင် တားဆီးလိုက်နိုင်ပါတယ်။
ယူလင့်ခ် မှမည်သို့ကူညီပေးနိုင်သလဲဆိုတော့……….
ကျွန်တော်တို့ရဲ့ ဖောက်သည်တွေကို စင်ကာပူမှာရှိတဲ့ နား၊နှခေါင်း၊လည်ချောင်း အထူးကု သမားတော်များနှင့် ဆက်သွယ်ပြီး စစ်ဆေးပေးနိုင်အောင် ပြုလုပ်လေ့ရှိပါတယ်။

Dr Adrian Saurajen
Mt. Elizabeth Orchard
Dr Saurajen ဟာအတွေ့အကြုံရှိတဲ့ သမားတော် တစ်ယောက်ဖြစ်ပြီး အသေးစား စက်ပစ္စည်းများနှင့် ထိုးဖောက် ခွဲစိပ်ကုသရာမှာ အထူးကျွမ်းကျင်သူဖြစ်ပါတယ်။ လူကြီးများသာမက ကလေးငယ်များကိုပါ ကုသပါတယ်။ (More on Dr Saurajen)

Dr Andrew Loy
Mt. Elizabeth Orchard
Dr Loy ဟာ အရင်တုန်းက Tan Tock Seng အစိုးရဆေးရုံရဲ့ ဦးခေါင်းနှင့် လည်ပင်းခွဲစိပ်ဌာန လက်ထောက် ညွှန်ကြားရေးမှူးဖြစ်ပါတယ်။ နား၊နှခေါင်း၊ လည်ချောင်းရောဂါများနှင့်ပတ်သတ်ပြီး အထူးကျွမ်းကျင်သူဖြစ်ပြီး၊ လူကြီးများ သာမက ကလေးငယ်များတွင် ဖြစ်ပေါ်တတ်သော အသက်ရှူရပ် ရောဂါများကိုပါ လက်ခံကုသပေးပါတယ်။
ကျွန်တော်တို့ရဲ့ဖောက်သည် တွေ ဘယ်လိုအကျိုးရှိမလဲဆိုတော့
၁. ပြောင်းလွယ်ပြင်လွယ်သော ဆေးကုသမှုကြောင့် တစ်ဦးချင်းစီရဲ့ငွေကြေး လိုအပ်ချက်အပေါ် မူတည်ပြီး ကုသနိုင်ခြင်း။
၂. ဆေးခန်းမပြသမှီ နှင့် ပြသပြီးချိန်အထိ အသေးစိပ်လိုက်လံ ကူညီပေးခြင်း။
၃. ဆေးခန်းပြရန် စောင့်ဆိုင်းချိန်နည်းပါးခြင်း (အများဆုံး တစ်ရက်သာ ကြာသည့် စောင့်ဆိုင်းချိန်)
ဆေးကုသရန် ရက်ချိန်းရယူလိုပါက………..
enquiry@ulinkmyanmar.com
သင့်ရဲ့ လိုအပ်ချက်ကို ကူညီရန် အသင့်ပါ…။