Varicose veins လို့ခေါ်တဲ့ သွေးပြန်ကြောကြီးခြင်းရောဂါ။
Varicose veins လို့ခေါ်တဲ့ သွေးပြန်ကြောကြီးခြင်းရောဂါဟာ လွယ်လွယ်နှင့် သူ့အလိုလိုပျောက်ဖို့ ဖြစ်နိုင်ပါသလား။

Painful varicose and spider veins on woman legs
မဖြစ်နိုင်ပါ…။
ဒါပေမဲ့ သတင်းကောင်းကတော့ သွေးပြန်ကြောကြီးခြင်းရောဂါကို ကုသတဲ့နည်းလမ်းတွေဟာ အဆင့်မြင့်ပြီးထိရောက်ပါတယ်။ပြီးတော့ ကုသရာမှလည်း အသေးစား ခွဲစိပ်မှုသာသာ ဖြစ်ပြီး အချိန်တစ်နာရီ အတွင်းမှာ ပြီးစီးတတ်ပါတယ်။
အောက်ပါ အချက် (၃) ချက်ဟာ သွေးပြန်ကြောကြီးခြင်းနှင့်ပတ်သတ်ပြီး သင်သိသင့်တဲ့ အချက်တွေပါ။
၁) များသောအားဖြင့် အဆိုပါရောဂါဟာ မျိုးရိုးလိုက်တာဖြစ်ပြီး သူ့ဟာသူမပျောက်နိုင်ပါ။
၂) အမျိုးသမီးတွေမှာ ပိုအဖြစ်များတတ်ပြီး အထူးသဖြင့် ကိုယ်ဝန်ဆောင်ချိန်နှင့် သွေးဆုံးချိန်တွေမှာ ပိုဖြစ်တတ်ပါတယ်။
၃) ကုသမှုဟာ များသောအားဖြင့် အာမခံကုမ္ပဏီများက သင့်အတွက် ကုန်ကျခံတာများပါတယ်။
အကယ်၍ မကုသဘဲထားပါက အောက်ပါတို့ကို ဖြစ်ပေါ်စေနိုင်ပါတယ်။

(Source: WebMD and SingHealth)
သင်ဘာလုပ်သင့်သလဲ။
သွေးကြောဆိုင်ရာ အထူးကုနှင့်တိုင်ပင်ပြီး သင့်ရဲ့ကျန်းမာရေး အခြေအနေကို ဆွေးနွေးသင့်ပါတယ်။
ယေဘုယျအားဖြင့် ဘယ်လိုကုသလို့ရသလဲ။
သင့်ရဲ့လက်ရှိနှင့်ယခင် ရောဂါအခြေအနေပေါ်မူတည်ပြီး အောက်ပါကုသမှု တွေကို အကြံပေးမှာဖြစ်ပါတယ်။
Sclerotherapy ဆိုတဲ့ကုသမှုကတော့ကြီးနေတဲ့ သွေးပြန်ကြော ထဲကို ဆေးသွင်းပြီးကုသခြင်း ဖြစ်ပါတယ်။ ဒီကုသမှုဟာ လူနာအတွက် သိပ်မခံစားရဘဲ အချိန်တစ်နာရီလောက်ပဲ ကြာမှာဖြစ်ပါတယ်။ (အသေးစိတ်ကြည့်ရန်)
Radiofrequency ablation ဆိုတာကတော့ ဓာတ်ရောင်ခြည်ပေးပြီး ခွဲစိပ်ခြင်းဖြစ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ အရေးပြားပေါ်ကို တစ်မီိလီမီတာ လောက် ဓားရာပေးပြီး အပူပေးခွဲစိပ်တာဖြစ်ပါတယ်။ အရေပြားပေါ်မှာ ဒဏ်ရာကျန်ခဲ့နိုင် ခြေအရမ်းနည်းပြီး ကုသချိန်တစ်နာရီလောက်ပဲ ကြာမှာဖြစ်ပါတယ်။(အသေးစိတ်ကြည့်ရန်)
ClariVein လို့ ခေါ်တဲ့နောက်ဆုံးပေါ်စက်နှင့် ကုသခြင်းဟာ အကောင်းဆုံးနှင့် အထိရောက်ဆုံး ဖြစ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ အရေးပြားပေါ်ကို (၀.၅) မီလီမီတာ လောက် ဓားရာပေးပြီး အရည်တမျိုးထည့်၍ခွဲ စိပ်တာဖြစ်ပါတယ်။ အရေပြား ပါးလွှာပြီး အထိအခိုက်မခံတဲ့လူတွေ အတွက်ပိုပြီးသင့်တော်ပါတယ်။ (အသေးစိတ်ကြည့်ရန်)
ယူလင့်ခ်မှ ဘယ်လိုကူညီနိုင်မလဲဆိုတော့…
ကျွန်တော်တို့ရဲ့ဖောက်သည်များကို စင်ကာပူရှိ အတော်ဆုံး သွေးကြောဆိုင်ရာအထူးကုဆရာဝန်ကြီးများနှင့် တိုင်ပင်ပြီး ကုသနိုင်ရန် ကူညီပေးလျက်ရှိပါတယ်။

Dr Benjamin Chua (Mt. Elizabeth Novena)
အရင် စင်ကာပူ အစိုးရဆေးရုံ (SGH) ရဲ့သွေးကြောဆိုင်ရာကုသရေး ဌာန အကြီးဆုံးဖြစ်တဲ့ Dr Chua ဟာသွေးပြန်ကြောဆိုင်ရာ ရောဂါတွေနှင့်ပတ်သတ်လျှင် အတွေ့အကြုံများပြီး အသွေးစားခွဲစိပ်မှု ထောင်ပေါင်းများစွာကို ပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။
(Dr Chua အကြောင်း အသေးစိတ်ဖတ်ရန်)

Dr Cheng Shin Chuen (Mt. Elizabeth Novena)
Dr Cheng ဟာသွေးကြောဆိုင်ရာ အထူးကု တစ်ယောက်ဖြစ်ပြီး အရင်က Tan Tock Seng ဆေးရုံရဲ့ သွေးကြောဆိုင်ရာ ကုသမှုဌာနရဲ့ အကြီးဆုံးလည်းဖြစ်ပါတယ်။ သွေးပြန်ကြောဆိုင်ရာ ရောဂါတွေနှင့်ပတ်သတ်လာလျှင် အတွေ့အကြုံများပြီး အသွေးစားခွဲစိပ်မှု ထောင်ပေါင်းများစွာကို ပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။
(Dr Cheng အကြောင်း အသေးစိတ်ဖတ်ရန်)
ကျွန်တော်တို့ရဲ့ ဖောက်သည်တွေဟာ ဘယ်လိုအကျိုးကျေးဇူးတွေ ခံစားရမလဲဆိုရင်
(၁) ရွေးချယ်ခွင့် – ဆေးကုသရမည့် ရွေးချယ်ခွင့်ကို မိမိတို့အဆင်ပြေသည့်  ငွေကြေးနှင့်လိုအပ်ချက်များကိုကြိုတင်ရွေးချယ်နိုင်ရန် စီစဉ်ပေးခြင်း။ (၂) သီးသန့်ဝန်ဆောင်မှု၊ – ဆေးကုသခြင်း မတိုင်မှီနှင့် ဆေးကုသပြီး သင့်၏ အသေးစိပ် လိုအပ်ချက်များကို ဝန်ဆောင်မှု ပေးနိုင်ခြင်း။ (၃) စောင့်ဆိုင်းချိန်နည်းခြင်း – အချိန်တိုတွင်းဆေးကုသမှုရရှိနိုင်ရန် စီစဉ် ပေးနိုင်သည့်အတွက် စောင့်ဆိုင်းချိန်နည်းခြင်း။(တစ်ရက်အတွင်း ဆေးကုသနိုင်ရန် ရက်ချိန်းယူပေးခြင်း)
ဆေးကုသရန် ရက်ချိန်းရယူလိုပါကယူလင့်(ခ်)မြန်မာသို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။
If you need any assistance, simply ask!
သင့်ရဲ့ လိုအပ်ချက်ကို ယူလင့်ခ်မှ ကူညီရန် အသင့်ပါ…။