HPV ကာကွယ်ဆေးအကြောင်း သိကောင်းစရာ

၁) HPV ဆိုတာဘာလဲ။ ဘယ်လိုကာကွယ်ရမလဲ။
Human Papilloma Virus (HPV) ဆိုတာ ဗိုင်းရပ်စ်အမျိုးအစားတစ်ခုဖြစ်ပြီး ကြွက်နို့ကဲ့သို့ အနာများကို ဖြစ်စေတတ်ပါတယ်။
ထူးခြားချက်အနေနဲ့ကတော့ အမျိုးအစား ၁၆ နဲ့ ၁၈ တွေဟာ သားအိမ်ခေါင်းကင်ဆာရဲ့ ၇၀% ထိကို ဖြစ်စေနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့တာပါပဲ။
ဒါကြောင့် ကာကွယ်ဆေးထိုးခြင်းက သားအိမ်ခေါင်းကင်ဆာဖြစ်ခြင်းကို အတိုင်းအတာတစ်ခုထိ လျှော့ချပေးနိုင်ပါတယ်။
၂) ကာကွယ်ဆေးက စိတ်ချရပါ့မလား။
လုံးဝစိတ်ချရပါတယ်။ ဘာလို့လဲဆိုတော့ ဗိုင်းရပ်စ်တွေ၊ တခြားရောဂါဖြစ်စေနိုင်တဲ့ ပစ္စည်းတွေနဲ့ ပြုလုပ်ထားတာမဟုတ်လို့ပါပဲ။
၃) ကာကွယ်ဆေးက သားအိမ်ခေါင်းကင်ဆာမဖြစ်အောင် ၁၀၀% ကာကွယ်ပေးနိုင်ရဲ့လား။
မဖြစ်နိင်ပါဘူး။ ဒါကြောင့် ကာကွယ်ဆေးထိုးပြီးတာတောင်မှ Pap smear ကို သုံးနှစ်လျှင်တစ်ကြိမ် ပြုလုပ်သင့်ပါတယ်။
၎) စင်ကာပူတွင် ရရှိနိုင်သော ကာကွယ်ဆေး အမျိုးအစားများမှာ –
– Gardasil : Click here
– Cervarix :Click here
၅) ကာကွယ်ဆေး နှစ်မျိုးက ဘာကွာပါသလဲ။
Gardasil vaccine က မိန်းမကိုယ်တွင် ကြွက်နို့ ဖြစ်စေတတ်သော ဗိုင်းရပ်စ် ၂မျိုး (အမျိုးအစား ၆ နဲ့ ၁၁) ကိုပါ ၉၀%ထိ ကာကွယ်ပေးနိုင်စွမ်းရှိသည်။
၆) ဘေးထွက်ဆိုးကျိုးများ ရှိပါသလား။
အရမ်းရှားပါတယ်။ ဒါပေမယ့်တစ်ခါတစ်ရံမှာတော့ ဆေးထိုးထားတဲ့နေရာမှာ နာတာတွေ၊ ယောင်တာတွေ၊ ယားတာတွေ နဲ့ နီမြန်းခြင်းတွေ အပြင် အဖျားတက်ခြင်းတွေ လည်းခံစားရနိုင်ပါတယ်။
၇) ကာကွယ်ဆေး မထိုးသင့်သူများ
ဓာတ်မတည့်သူများ
ကူးစက်ရောဂါခံစားနေရသူများ
သွေးနှင့်ဆိုင်သော ရောဂါရှိသူများ
သွေးကျဲဆေးသောက်နေရသူများ
ဆရာဝန်နှင့် သေချာဆွေးနွေး တိုင်ပင်သင့်ပါတယ်။
၈) ကိုယ်ဝန်ဆောင်မိခင်တွေ ကာကွယ်ဆေးထိုးလို့ ရနိုင်ပါသလား။
မရပါဘူး။ ကိုယ်ဝန်ဆောင်မိခင်တွေမှာ ကာကွယ်ဆေးထိုးခြင်းကို အားမပေးပါဘူး။
ကာကွယ်ဆေးထိုးနေရင်း ကိုယ်ဝန်ရသွားပါက နောက်ထပ် ထပ်ထိုးရမယ့်ဆေးကို ကလေးမွေးပြီးမှထိုးရန် အကြံပေးလိုပါတယ်။
၉) နို့တိုက်မိခင်တွေရော ကာကွယ်ဆေးထိုးလို့ ရနိုင်ပါသလား။
အခြေအနေပေါ်မူတည်ပါတယ်။
အကယ်၍ Gardasil ကာကွယ်ဆေးဖြစ်ပါက အန္တရာယ်မရှိပါ။ ဒါပေမယ့် Cervarix အတွက်ကတော့ လေ့လာစမ်းသပ်မှုတွေလုပ်နေဆဲပါ။
ဆရာဝန်နှင့် သေချာဆွေးနွေး တိုင်ပင်တာကတော့ အကောင်းဆုံးပါပဲ။
၁၀) သမီးကိုကာကွယ်ဆေးထိုးပေးလို့ရပါသလား။
အသက် ၉နှစ် မှ ၂၆နှစ် အတွင်း ( ကာကွယ်ဆေးမူဝါဒပေါ်မူတည်၍ကွဲပြားနိုင် ) အမျိုးသမီးအားလုံး အန္တရာယ်ကင်းကင်းနဲ့ ထိုးနိုင်ပါတယ်။ တစုံတရာ သံသယရှိပါက ဆရာဝန်နှင့်တိုင်ပင်ပါ။
ကိုးကားချက် –