Pap smear အကြောင်းသိကောင်းစရာ

၁) Pap Smear ဆိုတာဘာလဲ???
သားအိမ်ခေါင်းအဝမှ ဆဲလ်များကိုယူ၍ သားအိမ်ခေါင်းကင်ဆာ( Cervical Cancer ) နှင့် ဆက်နွယ်နေသော မူမမှန်သည့်ဆဲလ်များရှိမရှိကို စစ်ဆေးနိုင်သော အလွန်ပင် ရိုးရှင်းလျှင်မြန်သည့် စမ်းသပ်မှုတစ်ခုဖြစ်ပါတယ်။
၂) ဘယ်လောက်ထိ တိကျမှုရှိပါသလဲ???
တခြား စစ်ဆေးမှုများကဲ့သို့ပင် pap smear သည်လည်း ၁၀၀% မတိကျနိုင်ပါ။ ဘာကြောင့်လဲဆိုတော့ သားအိမ်ဝမှာရှိတဲ့ နမူနာဆဲလ်နည်းနည်းလေးကိုပဲယူပြီး အဖြေထုတ်ရတာဖြစ်လို့ပါ။ တကယ်လို့ နမူနာယူရာမှာ ပုံမမှန်ဆဲလ်တွေ လုံလုံလောက်လောက် မပါခဲ့ဘူးဆိုလျှင် ဆဲလ်ပြောင်းလဲခြင်း အစောဆုံးအဆင့်တွေကို လွတ်သွားနိုင်ပါတယ်။ ဒါကြောင့် Pap smear ကို အနည်းဆုံး သုံးနှစ်တစ်ကြိမ် မှန်မှန်ပြုလုပ်သင့်ပါတယ်။
၃) ဘယ်သူတွေက Pap smear လုပ်သင့်ပါသလဲ???
စင်ကာပူနိုင်ငံရဲ့ ကျန်းမာရေးစစ်ဆေးမှုကော်မတီမှ အကြံပြုထားတာကတော့ အသက် ၂၅နှစ်မှ ၆၉နှစ် အတွင်း လိင်ဆက်ဆံဖူးတဲ့ အမျိုးသမီးတိုင်း ပြုလုပ်သင့်ပာတယ်။ အသက် ၆၉နှစ်ကျော်လွန်သွားပြီဆိုလျှင်တော့ နောက်ဆုံး Pap smear အပါအဝင် ၁၀နှစ်အတွင်း သုံးခါဆက်တိုက် ပုံမှန်အဖြေပဲထွက်တယ်ဆိုပါက Pap smear ပြုလုပ်ခြင်းကို ရပ်လိုက်နိုင်ပါတယ်။
၎) Pap smear ကို ဘယ်လိုလုပ်ပါသလဲ???
မိနစ်အနည်းငယ်ပဲကြာသော ရိုရှင်းသည့် စစ်ဆေးမှု တစ်ခုသာဖြစ်ပါတယ်။
၅) နာကျင်မှုရှိနိုင်ပါသလား???
အမျိုးသမီးအများစုသည် နာကျင်မှုကို မခံစားရပါ။ တချို့တလေကတော့ အနည်းငယ် သက်တောင့်သက်သာ မဖြစ်မှုကို ခံစားရလေ့ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် အရေးကြီးတာကတော့ စိတ်အေးအေးထားပြီး တည်ငြိမ်ဖို့ လိုအပ်ပါတယ်။ နာကျင်မှုရှိလာပြီဆိုလျှင်တော့ ဆရာဝန် (သို့) သူနာပြုကို ချက်ချင်း အကြောင်းကြားပါ။
၆) Pap smear ပြုလုပ်ဖို့ ဘာတွေပြင်ဆင်သင့်သလဲ???
အကယ်၍ သင်ဟာသွေးဆုံးပြီး အမျိုးသမီးတစ်ယောက်ဆိုပါက Pap smear ကို ကြိုက်နှစ်သက်တဲ့အချိန်မှာ ပြုလုပ်နိုင်ပါတယ်။ ဒါပေမယ့် သင်ဟာရာသီသွေးလာနေဆဲဆိုပါက Pap smear ကို ရာသီမလာမီ ၂ပတ်အလို မှ တစ်ပတ်အလိုအတွင်း ပြုလုပ်သင့်ပါတယ်။ အရေးတကြီး မှတ်သားစရာကတော့ သားအိမ်အဝကို စပ်ဖျဉ်းဖျဉ်း ဖြစ်စေ၍ နမူနာယူရာမှာ ဆဲလ်အလုံအလောက်မရနိုင်သော အပြုအမူများကို စမ်းသပ်မှုမပြုလုပ်မီ ၄၈နာရီအတွင်း ရှောင်ကြဉ်ရန် လိုအပ်လှပါသည်။
ရေကူးခြင်း
မိန်မကိုယ်ဆေးခြင်း
လိင်ဆက်ဆံခြင်း
ရေချိုးကန်တွင်ရေစိမ်ခြင်း
သုတ်ပိုးသေစေနိုင်သောဆေးများ
ချောဆီနှင့် ရာသီလာစဉ် မိန်းမကိုယ်တွင်ထည့်ရသောအတောင့်
အချို့သောဆေးဝါးများ (ဥပမာ- နှလုံးဆေးများ၊ ပိုးသတ်ဆေးများ)
Pap smear ပြုလုပ်ပြီးချိန်တွင် သွေးအနည်းငယ် ဆင်းတတ်သောကြောင့် ဘောင်းဘီအောက်၌ခံရန် pad ယူသွားသင့်ပါတယ်။
၇) Pap smear အဖြေကို ဘယ်လိုသိနိုင်မလဲ???
အဖြေကို စစ်ဆေးမှုအပြီး ၅ရက်ခန့်အကြာတွင် သိနိုင်ပါတယ်။ အကယ်၍ သင်၏အဖြေက ပုံမှန်ဆိုပါက ဓာတ်ခွဲခန်းအဖြေနဲ့အတူ Ulink မှ ပေးပို့မည့် နောက်တစ်ခေါက် ဆေးစစ်ရမည့် အချိန်စာရွက်ကိုပါ လက်ခံရရှိမည်ဖြစ်ပါသည်။ အကယ်၍ အခြားစစ်ဆေးမှုများ ထပ်မံလိုအပ်ပါက ဆေးခန်းမှ သူနာပြုဆရာမမှ Pap smear ထပ်မံပြုလုပ်ရန် (သို့) မီးယပ်ဆရာဝန်နှင့် ပြသနိုင်ရန် ကြိုတင်ရက်ချိန်းယူပေးမည် ဖြစ်ပါသည်။
၈) အဖြေကဘာကို ဆိုလိုတာပါလဲ???
အကယ်၍ အဖြေနှင့်ပတ်သက်၍ ပိုမိုသိရှိလိုပါက ဤနေရာကိုနှိပ်ပါ။
၉) Ulink က ဘယ်လို ကူညီပေးနိုင်ပါသလဲ???
ကျွန်ုပ်တို့၏ ဧည့်သည်တော်များကို အတော်ဆုံး မီးယပ်အထူးကုဆရာဝန်များနှင့် ဆွေးနွေးတိုင်ပင်နိုင်ရန် စီစဉ်ပေးပါတယ်။ ဆရာဝန်ကြီးများ၏ အကူအညီဖြင့် စမ်းသပ်စစ်ဆေးမှုများကို အကောင်းဆုံးပြုလုပ်နိုင်ပြီး အဖြေကိုလည်း တိကျမှန်ကန်စွာ သိရှိနိုင်ပါတယ်။
အကူအညီများရယူလိုတိုင်း Ulink (ယူလင့်ခ်) ကိုသတိရပါ။
ဆက်သွယ်ရန် : enquiry@ulinkmyanmar.com ဖုန်း – ၀၉၇၉၂၈၈၈၆၂၂ / ၀၉၇၉၂၈၈၈၆၁၁
References:
http://www.singaporecancersociety.org.sg/WhatWeDo/PapSmear.aspx