top of page

သားအိမ်ထဲသို့ သုတ်ပိုးထည့်ပေးခြင်း


IUI (intrauterine insemination)

IUI (intrauterine insemination) ဆိုတာ သားအိမ်ထဲကို သုတ်ပိုးတမင်တကာ ထည့်ပေးတဲ့နည်းနဲ့ သားသမီးရအောင် လုပ်ခြင်းဖြစ်ပါတယ်။ သန်မာအားကောင်းတဲ့ သုတ်ပိုးတွေပါတဲ့ သေးငယ်ပျော့ပြောင်းတဲ့ပြွန်လေးကို သားအိမ်အဝကတဆင့် သားအိမ်ထဲကို ထိုးသွင်းရပါတယ်။ သဘာဝနည်း၊ Clomid (clomiphene citrate) မျိုးဥထွက်ဆေးနဲ့ တွဲနည်းနဲ့ hCG injection ဟော်မုန်းဆေးထိုးနည်းနဲ့ တွဲလုပ်နည်းဆိုပြီးရှိတယ်။

အချိန်ဘယ်လောက်ကြာမလဲ??? မကြာပါ။ ထိုးသွင်းတာသက်သက်ဆိုလျှင် ၂ မိနစ်ခန့်သာ ကြာပါတယ်။ ဖြေးဖြေးလုပ်တာက ပိုကောင်းပါတယ်။ သားအိမ်အဝပိတ်နေရင်တော့ နည်းနည်းအချိန်ပိုယူရပါမယ်။

အကောင်းဆုံးအချိန်?? အမျိုးသမီးမှာ မျိုးဥကြွေပြီးနောက် ၆ နာရီအတွင်း ထည့်ပေးနိုင်ရင် အကောင်းဆုံးဖြစ်ပါတယ်။ ယောက်ျားချို့ယွင်းမှုကြောင့် ကလေးမရသေးသူတွေအတွက်ဆိုရင်တော့ မျိုးဥထွက်ပြီးနောက် ၆ နာရီအတွင်းကို ရွေးကြတာများတယ်။ တခြားစုံတွဲတွေအတွက်ဆိုရင်တော့ မျိုးဥမထွက်ခင် ၆နာရီလောက်ကတည်းက သုတ်ပိုးထည့်နည်းက ပိုပြီးအခွင့်အလမ်းများပါတယ်။

အကယ်၍ hCG injection ဟော်မုန်းဆေးထိုးနည်းမှတဆင့် ဆက်လုပ်ခြင်းဆိုပါက ၂၄ မှ ၄၈ နာရီအကြာမှာလုပ်ပါတယ်။ တစ်ကြိမ်အတွက်ဆိုရင် ၃၆-၄ဝ-၄၂ နာရီဆိုပြီး ဆရာဝန်တွေ ရွေးချယ်မှုမတူတာလဲရှိတယ်။ နှစ်ခါထည့်နည်းသုံးမယ်ဆိုရင် တစ်ခါနဲ့တစ်ခါကို ၁၂ နာရီခြားမယ်။ hCG ထိုးပြီးနောက် ၂၄-၄ဂ နာရီအတွင်းမှာလုပ်မယ်။ တခါတည်းနည်းနဲ့ ၂ ခါနည်းမှာ ဆရာဝန်တွေ အကြိုက်မတူတာလဲ ရှိပါတယ်။

သုတ်ပိုးတွေက သားအိမ်ပြွန်အထိကူးသွားနိုင်တာမို့ မျိုးဥအိမ်ကနေ မျိုးဥထွက်ပြီးနောက် ၆-၁၂ နာရီက အကောင်းဆုံး အချိန် ဖြစ်တယ်။ သုတ်ပိုးကို သားအိမ်ထဲထိုးသွင်းပေးလိုက်ပြီးနောက် အပြင်ထွက်ကျလာမှာမဟုတ်ပါ။

သုတ်ပိုးအကြောင်း သဘာဝထွက်တဲ့-ထုတ်တဲ့ သုတ်ပိုးတွေဟာ အမျိုးသမီးကနေထွက်တဲ့ အကျိအချွဲထဲမှာနေရရင် ၅ ရက်အထိရှင်နိုင်တယ်။ ပျမ်းမျှ ၂-၃ ရက်ရှင်နေမယ်။ ဆေးကြောထားပြီးသား သုတ်ပိုးတွေဟာ ၂၄-၇၂ နာရီအထိ အသက်ရှင်ကြတယ်။ အမှန်တော့ ၂၄ နာရီနောက်ပိုင်း အားနည်းနည်းလာမယ်။ ထည့်သွင်းမပေးခင်မှာ Sperm သုတ်ပိုးယူထားမယ်။ ပိုးသန့်တဲ့ခွက်ငယ်နှင့်ဖြစ် (ကွန်ဒုန်း) အသစ်ထဲမှာ ဖြစ်ဖြစ် ယောက်ျား Ejaculation လိင်ဆန္ဒပြည့်ဝလို့ ထွက်လာမဲ့ သုတ်ပိုးကိုခံယူရတက်ယ်။ သားအိမ်ထဲ မထည့်ခင် နာရီဝက်အတွင်းမှာ ထုတ်တဲ့သုတ်ရည်ကိုသာ သုံးမယ်။ အိမ်ကနေ ထုတ်ယူလာလည်းရသလို ဆေးခန်းမှာလဲ ထုတ်ယူနိုင်တယ်။

သုတ်ရည်ကို ဆေးကြောပေးခြင်း ထည့်မပေးခင်မှာ သုတ်ရည်ကိုဆေးကြောပေးတာလဲ လုပ်ရသေးတယ်။ နာရီဝက်ကနေ ၂ နာရီအထိကြာတတ်ပါတယ်။ ဆေးကြောပြီး သုတ်ပိုးအရေအတွက် ၅ သန်းအထက်ရှိသင့်တယ်။ ၂ဝ-၃ဝ သန်းရှိရင် အောင်မြင်နှုန်းမြင့်တယ်။

အတူနေခြင်း သုတ်ပိုးထုတ်ပေးမဲ့ ယောက်ျားဟာ သုတ်မထုတ်ခင် အတူနေတာ၊ မိမိဘာသာအာသာဖြေတာကို ရှောင်နေဖို့လိုမလားဆိုတာ အခြေအနေအရပါဘဲ။ ကောင်းတာကတော့ ၇၂ နာရီအတွင်း သုတ်မထွက်-မထုတ်ဘဲ ရှောင်ကျဉ်ထားတာကောင်းပါတယ်။ ယောက်က်ျားက သုတ်ပိုးအရေအတွက် နည်းနေသူဖြစ်ရင် ၄၈ နာရီ သုတ်မထွက်အောင် ထိန်းထားပေးပါ။ သုတ်ပိုးကို ထည့်တွက်စရာမလိုသူဆိုရင် ၂၄ နာရီစောင့်နိုင်ရင်ရပါပြီ။ hCG injection ဆေးထိုးပေးတာနဲ့ အချိန် မတိမ်းမယိမ်းမှာ အတူနေတာပါ တွဲရင်ကောင်းတယ်။ IUI လုပ်ပြီးလဲ အတူနေတာကို ရှောင်စရာမလိုပါ။ အကယ်၍ IUI လုပ်တုံးက သွေးနဲနဲ ထွက်တာမျိုး ရှိခဲ့ရင်တော့ ၂၄-၄၈ နာရီအထိ အတူမနေဖို့ ဆရာဝန်ကညွှန်ကြားနိုင်ပါတယ်။ IUI ကိုလုပ်ပြီးသည့်တိုင် ပုံမှန်အတူနေတာပါတွဲရင် အခွင့်အလမ်းပိုများပါတယ်။

IUI လုပ်ပြီးနောက်မှာ လှဲအိပ်နေစရာမလိုပါ။ ၁၅-၃ဝ မိနစ်တော့ လှဲနေဖို့ ညွှန်ကြားနိုင်တယ်။ ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာ၊ သာမန်အိမ်အလုပ်၊ ရုံးအလုပ်လုပ်တာတွေလဲ ရှောင်နေစရာမလိုပါ။ ဆရာဝန်မှ follicle development မျိုးဥအိမ်ထဲက ဖေါ်လီကယ် အခြေအနေကို စောင့်ကြည့်ရတယ်။ သဘာဝနည်းနဲ့ဆိုရင် အရွယ်အစားက 20-24mm ရှိပြီး၊ မျိုးဥထွက်ဆေး clomiphene citrate နဲ့ဆိုရင် 20-24mm ရှိတယ်။ FSH တမျိုးတည်းဆိုရင် 17 or 18mm အနည်းဆုံးရှိမယ်။ FSH+LH ဆိုရင် 16 or 17mm အနည်းဆုံးရှိမယ်။ estradiol (E2) level ဆိုတာလဲကြည့်မယ်။ 200-600pg/ml per 18mm follicle ရှိမယ်။ 150 အနည်းဆုံး ရှိရင်လဲ ရနိုင်တယ်။ အောင်မြင်မယ်ဆိုရင် Implantation သန္ဓေကပ်ခြင်းဟာ မျိုးဥထွက်ပြီးနောက် ၆-၁၂ ရက်မှာဖြစ်လာမယ်။

ဘယ်လောက်ကုန်မလဲ?? IUI procedure and sperm washing လုပ်တာအတွက် စင်ကာပူဒေါ်လာ ၁၅၀၀ – ၁၈၀၀ ကုန်ကျမယ်။ natural IUI cycle သဘာဝနည်းက ဒေါ်လာ ၁၄၅၀ ကုန်ပြီး၊ injectable medications ဆေးထိုးနည်းဆိုရင် ဒေါ်လာ ၂၅၀၀ ကုန်ကျမယ်။ ovulation prediction kits မျိုးဥထွက်-မထွက်စမ်းတဲ့ကိရိယာ အတွက်လည်း ကုန်ကျနိုင်သလို ultrasounds အာလ်ထရာဆောင်းလည်း ရိုက်ဖို့လိုချင်လိုနိုင်ပါတယ်။

ဘယ်နှစ်ကြိမ်လုပ်ဖို့လိုအပ်မလဲ??? တချို့ဆရာဝန်တွေက LH surge ခေါ်တဲ့ သဘာဝအတိုင်းဟော်မုန်းတက်လာချိန်ကိုရွေးတယ်။ ဒီနည်းရွေးရင် တစ်ကြိမ်နည်းကို ၂၄ နာရီအတွင်း ရွေးတယ်။ နှစ်ကြိမ်နည်းဆိုရင် ဟော်မုန်းတက်လာပြီးနောက် ၁၂-၄၈ နာရီမှာလုပ်မယ်။ မျိုးဥဟာ မျိုးဥအိမ်ကနေထွက်လာပြီးနောက် ၂၄ နာရီသာ အကောင်းဆုံးအချိန်လို့ယူဆတယ်။ IUI တကြိမ်နဲ့မရသေးရင် Clomid ဆေးပေးရင်းနဲ့ ၃-၄ ကြိမ်အထိလုပ်သင့်တယ်။ ထိုးဆေးနဲ့လဲ ၃-၄ ကြိမ်လုပ်သင့်တယ်။ အဲဒါတွေမှ မရသေးရင်တော့ IVF နည်းစဉ်းစားရပါတော့မယ်။

နာကျင်မှုကိုခံစားရနိုင်ပါသလား??? နည်းနည်းနာသလို၊ အနေရခက်သလိုသာရှိမယ်။ သွေးနည်းနည်းလေးထွက်နိုင်တယ်။ ဆေးသောက်စရာတောင် မလိုအပ်ပါ။ အလွန်ဆုံး ibuprofen and naproxen, Tylenol နဲ့ရတယ်။ ပိုးဝင်မှာကိုတော့ ဆရာဝန်ကသတိပြုရမှာပါ။

အောင်မြင်မှုနှုန်း တစ်ယောက်နှင့်တစ်ယောက်မတူကြပါ။ မျိုးဥအိမ်အခြေအနေအပေါ်မူတည် ၆% ကနေ ၂၆% ထိ ဖြစ်နိုင်ပါတယ်။ Follicle တစ်ခုတည်းဆို နည်းမယ်။ နောက်ပြီး သုက်ပိုးအရေအတွက်အပေါ်မှာလဲ မူတည်ပါတယ်။ ပျမ်းမျှအောင်မြင်မှု ၁၅-၂ဝ% လို့ပြောနိုင်တယ်။ အမွှာဖြစ်လမ်းက ၂၃-၃ဝ% ရှိပါမယ်။

Featured Posts
Recent Posts
Archive
Search By Tags
Follow Us
  • Facebook Basic Square
  • Twitter Basic Square
  • Google+ Basic Square
bottom of page