top of page

သားအိမ်ထဲသို့ သုတ်ပိုးထည့်ပေးခြင်း


IUI (intrauterine insemination)

IUI (intrauterine insemination) ဆိုတာ သားအိမ်ထဲကို သုတ်ပိုးတမင်တကာ ထည့်ပေးတဲ့နည်းနဲ့ သားသမီးရအောင် လုပ်ခြင်းဖြစ်ပါတယ်။ သန်မာအားကောင်းတဲ့ သုတ်ပိုးတွေပါတဲ့ သေးငယ်ပျော့ပြောင်းတဲ့ပြွန်လေးကို သားအိမ်အဝကတဆင့် သားအိမ်ထဲကို ထိုးသွင်းရပါတယ်။ သဘာဝနည်း၊ Clomid (clomiphene citrate) မျိုးဥထွက်ဆေးနဲ့ တွဲနည်းနဲ့ hCG injection ဟော်မုန်းဆေးထိုးနည်းနဲ့ တွဲလုပ်နည်းဆိုပြီးရှိတယ်။

အချိန်ဘယ်လောက်ကြာမလဲ??? မကြာပါ။ ထိုးသွင်းတာသက်သက်ဆိုလျှင် ၂ မိနစ်ခန့်သာ ကြာပါတယ်။ ဖြေးဖြေးလုပ်တာက ပိုကောင်းပါတယ်။ သားအိမ်အဝပိတ်နေရင်တော့ နည်းနည်းအချိန်ပိုယူရပါမယ်။

အကောင်းဆုံးအချိန်?? အမျိုးသမီးမှာ မျိုးဥကြွေပြီးနောက် ၆ နာရီအတွင်း ထည့်ပေးနိုင်ရင် အကောင်းဆုံးဖြစ်ပါတယ်။ ယောက်ျားချို့ယွင်းမှုကြောင့် ကလေးမရသေးသူတွေအတွက်ဆိုရင်တော့ မျိုးဥထွက်ပြီးနောက် ၆ နာရီအတွင်းကို ရွေးကြတာများတယ်။ တခြားစုံတွဲတွေအတွက်ဆိုရင်တော့ မျိုးဥ