ဒီဇင်ဘာမှာ ကျန်းမာရေးစစ်ဆေးလိုသူများအတွက် မရလိုက် မဖြစ်စေရန် ယခုပင် စာရင်းပေးလိုက်ပါ…
ဒီဇင်ဘာလမှာ ခွင့်ရက်ရှည်ရတာကြောင့်အပြင် အာမခံအတွက် သက်တမ်းတိုးဖို့လိုတာကြောင့်အများစုဟာ ဒီဇင်ဘာမှာ နှစ်စဉ် ကျန်းမာရေး စစ်ဆေးမှုကို ပြုလုပ်လိုကြပါတယ်။ ဒါပေမယ့် ဒီဇင်ဘာလဟာ ခရီးသွားရာသီဖြစ်တာနဲ့အညီ အလွန်ကြပ်တည်းတဲ့ကာလဖြစ်တာကြောင့် ခုကတည်းက ကြိုတင်စာရင်းပေးသွင်းထားပါမှ စိတ်ချရမှာဖြစ်ပါတယ်။ လူအများစုဟာ ကျန်းမာရေးစစ်ဆေးမှုကိုပြုလုပ်လိုတဲ့ အကြောင်းအရင်းတွေကတော့ – ၁)ရောဂါကို ကြိုတင်သိရှိခြင်းဖြင့် ဝေဒနာမခံစားရတဲ့အပြင် ကုန်ကျစရိတ်ကိုလည်းသက်သာစေနိုင်ပါတယ်။ ၂)အချို့သော ရောဂါရှာဖွေတဲ့စစ်ဆေးမှုတွေဖြစ်တဲ့ ရင်သားဓာတ်မှန်၊ အူမကြီးမှန်ပြောင်းကြည့်ခြင်း နှင့် ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်းတို့ကို အာမခံကုမ္ပဏီမှ ကုန်ကျခံလေ့ရှိပါတယ်။ ၃) အလွန်အလုပ်များနေပါက အရေးကြီးတဲ့စစ်ဆေးမှုတွေကိုသာ ရွေးချယ်ပြုလပ်နိုင်ပါတယ်။ စင်ကာပူနိုင်ငံရဲ့ ကျန်းမာရေးတိုးတက်ကောင်မွန်စေရေးအဖွဲ့နဲ့ အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့်ကာ.ကွယ်ရေးဦးစီးဌာနတို့ရဲ့ အကြံပြုချက်အရ ရောဂါကြိုတင်ကာကွယ်နိုင်ရန်အောက်ပါကျန်းမာရေးစစ်ဆေးမှုတွေကို ပြုလုပ်သင့်ပါတယ်လို့ သိရပါတယ်။