EIU ရဲ့ သတ်မှတ်ချက်များအရ စင်ကာပူနိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုကို ကမ္ဘာ့အဆင့် (၂) အဖြစ်သတ်မှတ်ခံရ

လေ့လာတွေ့ရှိချက်အချို့ – စင်ကာပူကို ဂျပန်နိုင်ငံပြီးနောက် အကောင်းဆုံးကျန်းမာရေးစောင့်ရှောက်မှု အကောင်းဆုံးနိုင်ငံအဖြစ်သက်မှတ်ခဲ့ပါတယ်။ အခြားအာရှနိုင်ငံတွေဖြစ်တဲ့ တောင်ကိုရီးယားက အဆင့် ၁၅၊ တရုတ်က အဆင့် ၄၇၊ ဗီယက်နမ်က အဆင့် ၅၇၊ မလေးရှားက အဆင့်၈၇၊ အင်ဒိုနီးရှားက အဆင့်၉၂၊ ထိုင်းက အဆင့် ၆၃ နဲ့ ဘင်္ဂလားဒေ့ရှ်က ၉၄ တို့ဖြစ်ကြပါတယ်။ ဒါကြောင့်လည်း လူနာတော်တော်များများဟာ ဆေးကုသဖို့အတွက်စင်ကာပူနိုင်ငံကို ရွေးချယ်ကြခြင်း ဖြစ်ပါတယ်။ ထို့ပြင် စင်ကာပူနိုင်ငံမှာကုန်ကျမယ့် ဆေးကုသစရိတ်ဟာ အမေရိကန်နိုင်ငံရဲ့ သုံးပုံတစ်ပုံ၊ အင်္ဂလန်နိုင်ငံရဲ့ သုံးပုံငါးပုံ၊ ဂျာမနီနိုင်ငံနဲ့ ဂျပန်နိုင်ငံရဲ့ တစ်ဝက်ခန့်သာ ကျသင့်မှာဖြစ်တဲ့အတွက် လွန်စွာသက်သာတယ်လို့ ဆိုနိုင်ပါတယ်။