top of page

အမျိုးသမီးများအတွက်မျိုးဥအေးခဲခြင်း – အပိုင်း (၁)

အပိုင်း ၁ – အခြေခံအချက်များနှင့်အကျိုးကျေးဇူးများ

အသက်​ ၅၀ အရွယ်​တွင်​ ကိုယ်​ဝန်​​ဆောင်​နိုင်​ခဲ့​တဲ့ Janet Jackson Janet Jackson’s pregnancy at 50 ရဲ့ သတင်း​ကြောင့်​ ကမ္ဘာတစ်​ဝှမ်းလုံးမှာရှိတဲ့ အမျိုးသမီးထု​တွေဟာ အသက်​ကြီး​ပေမယ့်​လည်း ကိုယ်​ဝန်​​ဆောင်​နိုင်​​သေးတယ်​ဆိုပြီး ​မျှော်​လင့်​ချက်​​ရောင်​ခြည်​​တွေသန်းလာကြပါတယ်​။

အ​မေရိကန်​သားဖွားနှင့်​မီးယပ်​အထူးကုဆရာဝန်​ကြီးများကွန်​ဂရက် American Congress of Obstetricians and Gynaecologists, ရဲ့အဆိုအရ အမျိုးသမီး​တွေရဲ့မျိုးပွားစွမ်းရည်​ဟာ အသက်​ ၃၂ ​နောက်​ပိုင်းမှာ စတင်​ကျဆင်းလာပြီး ၃၇ နှစ်​​ကျော်​လာလျှင်​​တော့ ပိုမိုလျင်​မြန်​စွာကျဆင်းလာ​လေ့ရှိ​ကြောင်းသိရပါတယ်​။ဒီလိုဖြစ်​ရတာဟာ အသက်​အရွယ်​ကြီးလာတာနဲ့အမျှ မျိုးဥ​အောင်​ဖို့ပိုမိုခက်​ခဲလာတာ​ကြောင့်​ဖြစ်​ပါတယ်​။ဒါ​ပေမယ့်​အမျိုးသမီးတစ်​ဦးဟာ ငယ်​ရွယ်​စဉ်​မှာ​အေးခဲထားတဲ့သူမရဲ့မျိုးဥ​တွေ​ကိုပြန်​လည်​အသုံးပြုမယ်​ဆိုရင်​​တော့ ဒီလိုအခက်​အခဲ​တွေ မ​ကြုံ​တွေ့နိုင်​​တော့ပါဘူး။ ဒါ​ကြောင့်​ အ​ကောင်းဆုံးက​တော့ က​လေးမလိုချင်​​သေးတဲ့အမျိုးသမီး​တွေဟာ ငယ်​ရွယ်​စဉ်​အခါမှာ မျိုးဥ​တွေကို ​အေးခဲသိမ်းဆည်းထားပြီး လိုအပ်​တဲ့အချိန်​မှာ အသုံးပြုနိုင်​ပါတယ်​။

egg freezing for women
မျိုးဥအေးခဲခြင်းဆိုတာဘာလဲ?

အမျိုးသမီးရဲ့သားဥအိမ်​မှ သားဥများကိုရယူကာ ​အေးခဲ၍ မျိုးဥဆကာထဲ၌ သိမ်းဆည်းထားခြင်းဖြစ်​ပါသည်​။

ထိုကဲ့သို့ မျိုးဥများကို ​အေးခဲထားခြင်းဖြင့်​ က​လေးလိုချင်​တဲ့အခါမှာ အလွယ်​တကူအသုံးပြုနိုင်​မှာဖြစ်​ပါတယ်​။

အကျိုးကျေးဇူးတွေကဘာတွေဖြစ်မလဲ?

၁) မျိုးဥများကိုထိန်းသိမ်းထားခြင်း

အသက်​အရွယ်​ရလာတာနဲ့အမျှ မျိုးဥထုတ်​လုပ်​မှုနှုန်းကျဆင်းလာတာ​ကြောင့်​ ကိုယ်​ဝန်​ရနိုင်​တဲ့အခွင့်​အလမ်းနည်းပါးလာပါတယ်​။မျိုးဥများကို​အေးခဲထားခြင်းဖြင့်​ ​နောက်​ပိုင်းမှာ ကိုယ်​ဝန်​ရနိုင်​​ချေကို မြင့်​မား​စေပါတယ်​။ ၂) ကျန်းမာသန်​စွမ်း​သောသ​န္ဓေသား​လောင်းကိုပိုင်​ဆိုင်​နိုင်​ခြင်း

အသက်​အရွယ်​ကြီးရင့်​ခြင်းဆိုင်​ရာ ​နောက်​ဆက်​တွဲဆိုးကျိုးအ​နေနဲ့မျိုးဥ​တွေရဲ့ အရည်​အ​သွေးလည်း ကျဆင်းလာကာ ကိုယ်​ဝန်​ပျက်​ကျခြင်းနဲ့မျိုးရိုးဗီဇဆိုင်​ရာ ပုံမှန်​မဟုတ်​တဲ့ က​လေးငယ်​များကို ​မွေးဖွား​စေနိုင်​ပါတယ်​။ဒါ​ကြောင့်​ ငယ်​ရွယ်​စဉ်​မှာ မျိုးဥများကို ​အေးခဲထားခြင်းဖြင့်​ အရည်​အ​သွေး​ကောင်းမွန်​​သော မျိုးဥများကိုရရှိကာ ​ချော​ချော​မော​မော ကိုယ်​ဝန်​​ဆောင်​နိုင်​မှာဖြစ်​ပါတယ်​။ ၃) မိခင်​​လောင်းမဖြစ်​မီ အခြားအရာများ​ပေါ်တွင်​ ပိုမိုအာရုံစူးစိုက်​နိုင်​ခြင်း

အလုပ်​လုပ်​​နေတဲ့အမျိုးသမီး​တွေအတွက်​ ​နောင်​တစ်​ချိန်​မှာ စိတ်​ပူပန်​စရာမလိုဘဲ ကိုယ်​ဝန်​​ဆောင်​နိုင်​မှာဖြစ်​တဲ့အတွက်​ လက်​ရှိမှာ မိမိဘဝအတွက်​ အ​ရေးကြီးတာ​တွေကို ပိုမိုအာရုံစူးစိုက်​နိုင်​မှာ ဖြစ်​ပါတယ်​။

မျိုးဥအေးခဲခြင်းကိုစင်ကာပူနိုင်ငံတွင်ပြုလုပ်၍ရနိုင်ပါသလား?

စင်​ကာပူနိုင်​ငံတွင်​ မျိုးဥ​အေးခဲခြင်းကို ​အောက်​ပါအ​ခြေအ​နေနှစ်​ရပ်​၌သာ ပြုလုပ်​ခွင့်​​ပေးပါတယ်​။

  • ဓာတ်​​ရောင်​ခြည်​ကုထုံး (သို့) ဓာတုကုထုံးဖြင့်​ကုသရန်​ လိုအပ်​​သော ကင်​ဆာ​ဝေဒနာရှင်​များ

  • ဖန်​ပြွန်​သ​န္ဓေသားပြုလုပ်​ရန်​လိုအပ်​​သောလက်​ထပ်​ပြီးစုံတွဲများ

ဒီအ​ခြေ​အ​နေနှစ်​ခုအပြင်​ အခြားအမျိုးသမီး​တွေကို​တော့ မျိုးဥ​အေးခဲဖို့အတွက်​ စင်​ကာပူရဲ့ဥပ​ဒေအရ ခွင့်​မပြုပါဘူး။ထို့ပြင်​ သန္ဓေမစွဲမီ မျိုးရိုးဗီဇဆိုင်ရာရောဂါ သတ်မှတ်ခြင်း (PGD) နဲ့​ ရောဂါရှာဖွေခြင်း (PGS) ​တွေကိုလည်း မပြုလုပ်​ဖို့တားမြစ်​ထားပါတယ်​။

အကျိုးဆက်​အ​နေနဲ့က​တော့ စင်​ကာပူနိုင်​ငံမှအမျိုးသမီး​တော်​​တော်​များများဟာ အခြားနိုင်​ငံ​တွေ အထူးသဖြင့်​ မ​လေးရှား ကိုသွား​ရောက်​ပြီး သူတို့ရဲ့မျိုးဥ​တွေကို ​အေးခဲသိမ်းဆည်းထားကြပါတယ်​။

egg freezing for women

မျိုးဥ​အေးခဲခြင်းကိုစိတ်​ဝင်​စား​နေပြီးလား? ယခုပဲကျွန်ုပ်​တို့နဲ့တိုင်​ပင်​​ဆွေး​နွေးလိုက်​ပါ။
မိမိသိလိုသမျှအကြောင်းအရာမှန်သမျှကို စုံစမ်းမေးမြန်းနိုင်ပါတယ်။
နောက်ပို့စ်တစ်ခုမှာ, မျိုးဥ​အေးခဲခြင်းဖြစ်​စဉ်
အဆင့်​ဆင့်​ကို ​ဆွေး​နွေး​ပေးဦးမှာဖြစ်​ပါတယ်​။
Featured Posts
Recent Posts
Archive
Search By Tags
Follow Us
  • Facebook Basic Square
  • Twitter Basic Square
  • Google+ Basic Square
bottom of page