စင်ကာပူက ဆေးကုသမှု စရိတ်တွေကြီးပေမယ့် စင်ကာပူမှာ ဆေးကုသဖို့ လာရောက်ြကတဲ့ မြန်မာအပါအဝင် နိုင်ငံခြားသာ

စင်ကာပူမှာ ဆေးကုသမှု စရိတ်ကြီးမြင့်ပေမယ့်လည်း ကျန်းမာရေးအာမခံကို အသုံးပြုနိုင်တဲ့အတွက် မြန်မာအပါအဝင် နိုင်ငံအများစုက စင်ကာပူကို ဆေးကုသမှုအတွက် လာရောက်တဲ့သူတွေ ပိုများပြားလာပါတယ်။
ကျန်းမာရေး အာမခံဆိုတာဘာလဲ။
ကျန်းမာရေးအာမခံတွေက အဓိကအားဖြင့် သင်ဖျားနာနေချိန်နဲ့ မတော်တဆထိခိုက်မှုကြောင့် ဆေးကုသမှုခံယူတဲ့အခါ ကျသင့်တဲ့ ဆေးကုသမှု သို့ ခွဲစိတ်မှုစရိတ်တွေကို ပေးခြေပေးပါတယ်။ ကျန်းမာရေး အာမခံ အမျိုးမျိုးရှိပြီး အမျိုးအစားပေါ်မူတည်ပြီးတော့ အာမခံအတွက် နှစ်စဉ်ပေးသွင်းရတဲ့နှုန်းထားနဲ့ ဆေးကုသမှုအတွက် ပေးခြေပေးတဲ့ ပမာဏတွေ ကွာခြားသွားပါတယ်။
လူအများစုက ကျန်းမာရေးအာမခံအကြောင်း သတိထားမိလာကြပါတယ်
ဧည့်သည်တော်များက စင်ကာပူမှာ ကျန်းမာရေးအာမခံ ဝယ်ယူဖို့အတွက် စိတ်ဝင်စားလာကြပါတယ်။ ကျန်းမာရေးအာမခံကို ဝယ်ယူဖို့ ဆုံးဖြတ်ကြတဲ့အခါ အများဆုံးတူညီတဲ့ အချက်တွေကတော့
ဖျားနာနေချိန်နဲ့ ထိခိုက်မှုကြောင့် ဆေးကုသမှုခံယူတဲ့အခါ ကျန်းမာရေးစရိတ်အတွက် အကူအညီရရှိခြင်း
ဆေးကုသမှု စရိတ်အားလုံးသို့ တစိတ်တဒေသကို ကျန်းမာရေးအာမခံက ကျခံပေးပါတယ်။
နာလန်ထစကာလအတွင်းမှာလည်း အာမခံအမျိုးအစားပေါ် မူတည်ပြီး အာမခံက ၄င်းကာလအတွက် ပေးခြေတာမျိုးရှိပါတယ်။
ကြီးမားတဲ့ ကုသမှု၊ ခွဲစိတ်မှုတွေအတွက် မိသားစုဝင်တွေအနေနဲ့ ဆေးကုသမှုစရိတ်အတွက် ပူပန်နေဖို့မလိုခြင်း။
ကျန်းမာရေးအာမခံက အာမခံဝယ်ယူထားသူ (သို့ မိသားစု) ကို ကြီးမားတဲ့ ရောဂါတွေ ဖြစ်တဲ့ ကင်ဆာ၊ လေဖြတ်ခြင်းစတာတွေကြောင့် ကျသင့်တဲ့ ကြီးမြင့်တဲ့ ဆေးကုသမှုစရိတ်တွေကို ပြန်လည် ပေးခြေပေးပါတယ်။
ကြိုတင်ကာကွယ်ဖို့ အတွက် ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်တာတွေကို လည်း ကျန်းမာရေးအာမခံကပေးခြေပေးပါတယ်။
အာမခံက ပေးခြေတာက ထိခိုက်မှုနဲ့ နာတာရှည်ရောဂါတွေသာမဟုတ်ပါဘူး
ကြိုတင်ကာကွယ်မှုတွေဖြစ်တဲ့ ကာကွယ်ဆေးထိုးတာ၊ သွားကျန်းမာရေး၊ ကျန်းမာရေးစစ်ဆေးမှု တွေကိုလည်း ပေးခြေပေးပါတယ်။
အခြားပေးခြေပေးတာတွေကတော့ အူမကြီးမှန်ပြောင်းကြည့်ခြင်း၊ အစာအိမ်မှန်ပြောင်းကြည့်ခြင်း၊ ကလေးမွေးဖွားခြင်း အစရှိသည်တို့ ဖြစ်ပါတယ်။
စင်ကာပူမှာ ကျန်းမာရေးအာမခံ ဝယ်ယူဖို့အတွက် စင်ကာပူမှာနေထိုင်သူဖြစ်နေဖို့ မလိုအပ်ပါဘူး။
ကမ္ဘာအရပ်ရပ်က ကုသမှုကို ပေးခြေပေးနိုင်တဲ့ ကျန်းမာရေးအာမခံကို စင်ကာပူကို ကိုယ်တိုင်လာရောက်ပြီး ဝယ်ယူလို့ရပါတယ်။
စင်ကာပူကို ကျန်းမာရေးနဲ့ ဆေးကုသမှုအတွက် လာရောက်ဖို့အတွက် ကျန်းမာရေးအာမခံဝယ်ယူဖို့ အကြံပေးပါရစေ – အကယ်ရ်ျ ကြီးမားတဲ့ ကုသမှုလိုအပ်တဲ့ အခါမျိုးမှာ ပူပန်စရာမလိုလို့ ကျန်းမာရေးအာမခံရှိတဲ့ အတွက် သင့်ကိုယ်သင်ကျေးဇူးတင်မိမှာ အသေအချာပါ။