အမျိုးသမီးများအတွက် မျိုးဥအေးခဲခြင်း – အပိုင်း (၃)
အပိုင်း ၃ – ကုန်ကျစရိတ်နှင့်အခြားအမေးများသောမေးခွန်းများ
ပြီးခဲ့တဲ့ပို့စ်မှာတုန်းက, မျိုးဥအေးခဲခြင်းပြုလုပ်ပုံအဆင့်ဆင့်နဲ့ နာမည်ကြီးကျန်းမာရေးစင်တာတွေအကြောင်းကို မိတ်ဆက်ပေးခဲ့ပါတယ်။
ဒီတစ်ခေါက်မှာတော့ မျိုးဥအေးခဲခြင်းနဲ့ပက်သက်၍ ယူလင့်ခ်ဧည့်သည်တော်များထံမှ အမေးများတဲ့ မေးခွန်းတွေကို ပြန်လည်ဖြေကြားပေးမှာဖြစ်ပါတယ်။
၁) မျိုးဥအေးခဲခြင်းအတွက် ကုန်ကျစရိတ်ဘယ်လောက်ရှိပါသလဲ?
မလေးရှားမှာ မျိုးဥအေးခဲခြင်းလုပ်မယ်ဆိုရင် မလေးရှားရင်းဂစ် ၁၈၀၀၀ မှ ၂၅၀၀၀ ထိရှိပြီး နှစ်စဉ်ထိန်းသိမ်းခကတော့ တစ်နှစ်လျှင် ရင်းဂစ် ၁၀၀၀ ဖြစ်ပါတယ်။ အထက်ပါကုန်ကျစရိတ်မှာ ဆေးဝါးများ၊ဆရာဝန်စမ်းသပ်ခ၊ဖန်ပြွန်သန္ဓေသားအတွက် ဓာတ်ခွဲစမ်းသပ်မှုများ၊ခွဲစိတ်ခန်းအဖိုးအခ စတာတွေအားလုံး ပါဝင်ပါတယ်။ ၂) ဘာတွေကြိုတင်ပြင်ဆင်ဖို့လိုလဲ?
မျိုးဥရယူခြင်းမပြုလုပ်မီ – – ည ၁၂ နာရီနောက်ပိုင်းဘာမှမစားမသောက်ပါနှင့်။အနည်းဆုံး ၆ နာရီခန့်အစာနဲ့ဝေးဖို့လိုအပ်ပါတယ်။ – မနက်ပိုင်းရေချိုးတဲ့အခါမှာ ရေဖြင့်သာချိုးပါ။ဆပ်ပြာ၊ရေမွှေးနဲ့မိတ်ကပ်များသုံးခြင်းကိုရှောင်ကြဉ်ပါ။ – မျိုးဥစုဆောင်းခြင်းကို အိပ်ဆေးဖြင့်ပြုလုပ်မှာဖြစ်ပြီး ၁၅-၂၀ မိနစ်ခန့်သာကြာမြင့်နိုင်ပါတယ်။ မျိုးဥစုဆောင်းပြီး ၂ နာရီအကြာတွင်အိမ်ပြန်နိုင်မှာဖြစ်ပါတယ်။ဖြစ်နိုင်လျှင်တော့ မိသားစုဝင်တစ်ယောက်ယောက်(သို့) သူငယ်ချင်းတစ်ယောက်ယောက်ကို အဖော်ခေါ်လာသင့်ပါတယ်။
၃) အချို့အဆင့်တွေကို မြန်မာပြည်မှအထူးကုတွေနဲ့ပြုလုပ်လို့ရပါသလား?
အဆင့်တွေအကုန်လုံးကိုမလေးရှားမှာနေပြီးပြုလုပ်မယ့်အစား အဆင့် ၁ ကိုမြန်မာနိုင်ငံမှာပဲ အထူးကု ဆရာဝန်တွေနဲ့ အတူတကွပူးပေါင်းပြီး ပြုလုပ်နိုင်ပါတယ်။ အဆင့် ၂ (၁၀ ရက်မြောက်နေ့နောက်ပိုင်း) အတောအတွင်းမှာတော့ ကွာလာလမ်ပူမှာရှိတဲ့ မျိုးဥအေးခဲတဲ့စင်တာကို သွားရောက်ဖို့လိုအပ်ပါတယ်။
ယူလင့်ခ်ရဲ့ဧည့်သည်တော်တော်တော်များများကတော့ ဒီလိုစီစဉ်ပေးမှုကို ပိုသဘောကျလေ့ရှိကြပါတယ်။ ဘာလို့လဲဆိုတော့ မလေးရှားကိုတစ်ခေါက်ပဲသွားရတဲ့အပြင် တချို့အဆင့်တွေကို မြန်မာနိုင်ငံမှာပြုလုပ်လို့ရတဲ့အတွက် ပိုပြီးအဆင်ပြေနိုင်လို့ပါ။
၎) မြန်မာနိုင်ငံမှာပြုလုပ်လို့ရတဲ့အဆင့်တွေကို ဘယ်မှာလုပ်လို့ရပါသလဲ?
ယူလင့်ခ် ဖုန်း- ၀၉၇၉၂၈၈၈၆၁၁/ admin@ulinkmyanmar.com ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။
၅) မျိုးဥတွေကိုနောင်တစ်ချိန်မှာ ပြန်လည်အသုံးပြုမယ်ဆိုရင် လုပ်ဆောင်ရမှာတွေက ဘာတွေလဲ? မလေးရှားမှာမျိုးဥတွေသိမ်းဆည်းထားခြင်းနဲ့ ပက်သက်ပြီး ကန့်သတ်ထိန်းချုပ်ထားတာမျိုးရှိပါသလား?
မျိုးဥတွေကိုအသုံးပြုနိုင်ရန် အေးခဲနေတာတွေကို အရည်ဖျော်ချဖို့ စင်ကာပူဒေါ်လာ ၇၀၀ ခန့်ကျသင့်မှာဖြစ်ပြီး ခွဲစိတ်ခန်းအသုံးပြုခြင်း၊မိန်းမကိုယ်ထဲသို့သုတ်ပိုးထည့်သွင်းခြင်း၊သန္ဓေသားလောင်းမဖြစ်မီအဆင့်တွင်စစ်ဆေးခြင်း၊လေဆာရောင်ခြည်အကူအညီဖြင့်မျိုးဥဖောက်ခြင်း၊ပိုလျှံနေသောသားလောင်းများကိုပြန်လည်အေးခဲစေခြင်း စတာတွေအတွက်ကတော့ စုစုပေါင်း စင်ကာပူဒေါ်လာ ၂၆၀၀ ကျသင့်နိုင်ပါတယ်။
မလေးရှားနိုင်ငံမှာမျိုးဥတွေကိုအသုံးပြုဖို့ မတားမြစ်ထားသလို အေးခဲနေတဲ့မျိုးဥတွေကို ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့ စင်တာတွေကိုလည်း ပို့နိုင်ပါတယ်။ ထို့ပြင် (နိုင်ငံတော်တော်များများ – စင်ကာပူ၊သြစတြေးလျ၊ အင်္ဂလန်မှာခွင်မပြုတဲ့) ကနဦးမျိုးရိုးစစ်ဆေးခြင်း နဲ့ ကျားမရွေးချယ်ခြင်း များကို လည်း မလေးရှားနိုင်ငံမှာလုပ်ဆောင်နိုင်ပါတယ်။
မလေးရှားနိုင်ငံမှာမျိုးဥအေးခဲခြင်းကို ပြုလုပ်ရန်စိတ်ဝင်စားပါက ယခုပင်ယူလင့်ခ်နှင့်ဆက်သွယ်လိုက်ပါ။