သားအိမ်ခေါင်းကင်ဆာအတွက် ပစ်မှတ်ကုထုံး

သုတေသနပညာရှင်တွေဟာ ကင်ဆာဆဲလ်တွေရဲ့အပြောင်းအလဲနဲ့ ပတ်သက်ပြီး လေ့လာခဲ့ပြီးနောက် ၎င်းပြောင်းလဲမှုတွေကိုဟာ ပစ်မှတ်ထားတဲ့ ဆေးတွေကို တီထွင်နိုင်ခဲ့ပါတယ်။ ၎င်းပစ်မှတ်ထားတဲ့ဆေးတွေဟာ ပုံမှန်ကင်ဆာဆဲလ်တွေနဲ့ အလုပ်လုပ်ပုံမတူညီတဲ့အပြင် ဘေးထွက်ဆိုးကျိုးတွေလည်း မတူပါဘူး။ ဥပမာအားဖြင့် ကင်ဆာအကျိတ်ကြီးထွားဖို့အတွက် သွေးကြောသစ်တွေဖြစ်ပေါ်ပြီး ၎င်းကိုအာဟာရ ဖြည့်တင်းပေးဖို့လိုအပ်ပါတယ်။ ၎င်းဖြစ်စဉ်ကို သွေးကြောအသစ်များဖြစ်ပေါ်ခြင်းလို့ခေါ်ပါတယ်။ ပစ်မှတ်ကုထုံးမှာပါဝင်တဲ့ အချို့သောဆေးတွေဟာ ထိုကဲ့သို့ သွေးကြောအသစ်ဖြစ်ပေါ်ခြင်းကို တားဆီးပေးပါတယ်။
Perjeta (Pertuzumab)
ဘယ်လိုအလုပ်လုပ်သလဲ? ကင်ဆာဆဲလ်တွေမှာ HER2လို့ခေါ်တဲ့ ဆဲလ်လက်ခံရာနေရာတွေဟာ ပုံမှန်ဆဲလ်တွေထက်ပိုများတာကြောင့် ၎င်းနေရာတွေကို ပိတ်ဆို့ဖို့ကြိုးစားတဲ့ဆေးတစ်မျိုး ဖြစ်ပါတယ်။ ၎င်းဆေးကို Herceptin (trastuzumab) နဲ့ docetaxel တို့နဲ့ ပေါင်းပြီးအသုံးပြုလေ့ရှိပါတယ်။
ဘယ်သူတွေအတွက်လဲ? ကင်ဆာက အခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ပျံ့နှံ့နေပြီး ကင်ဆာဆေးကုသမှုမခံရသေးတဲ့ HER2 ရှိတဲ့ ရင်သားကင်ဆာအမျိုးသမီးတွေမှာ အသုံးပြုလို့ရတယ်လို့ ထောက်ခံချက်ရရှိထားပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာတော့ အသုံးပြုလို့မသင့်တော်ပါဘူး။
ဘယ်လိုအသုံးပြုရမလဲ? Herceptin နဲ့ Docetaxel ဆေးတွေနဲ့ အတူ သုံးပတ်လျှင်တစ်ကြိမ် ဆေးသွင်းကုသမှုခံယူနိုင်ပါတယ်။
ဘေးထွက်ဆိုးကျိုးများ ပုံမှန်ကင်ဆာဆေးတွေနဲ့ မတူတဲ့ဘေးထွက်ဆိုးကျိုးတွေကို ခံစားရတတ်ပါတယ်။ ဖြစ်လေ့ဖြစ်ထရှိတာတွေကတော့ • သွေးတိုးခြင်း • ပင်ပန်းနွမ်းနယ်ခြင်း • အစားအသောက်ပျက်ခြင်း ဖြစ်လေ့သိပ်မရှိပေမယ့် ပြင်းထန်တဲ့ဆိုးကျိုးတွေကတော့ • သွေးထွက်ခြင်း • သွေးခဲခြင်း • အနာမကျက်ခြင်း နောက်ထပ်ရှားပါးပြီး ဆိုးရွားတဲ့ ဘေးထွက်ဆိုးကျိုးတစ်ခုကတော့ သားအိမ်နဲ့ အခြားအူမကြီး အစိတ်အပိုင်းတွေကြားမှာ ပုံမှန်မဟုတ်တဲ့ ဆက်သွယ်မှု (အပေါက်) တစ်ခုဖြစ်ပေါ်လာခြင်း ဖြစ်ပါတယ်။
သားအိမ်ခေါင်းကင်ဆာစစ်ဆေးခြင်း ပက်ကေ့ခ်ျများ https://www.ulinkmyanmar.com/services