top of page

လေဆာရောင်ခြည်ဖြင့် မျက်စိပါဝါဖျောက်ပေးနိုင်သော Lasik (Laser Assisted in Situ Keratomileusis) နည်းပညာ

နည်းပညာတိုးတက်လာတာနဲ့အမျှ မြန်မာနိုင်ငံမှ Lasik ပြုလုပ်လိုသူ အများအပြားဟာ ခေတ်မီစက်ကိရိယာတွေရှိတဲ့စင်ကာပူသို့သွားရောက်၍ ကုသမှုခံယူလိုကြပါတယ်။ ဒါကြောင့် ဧည့်သည်တော်များ၏ တောင်းဆိုချက်အရ Ulinkမှ လေဆာရောင်ခြည်ဖြင့် မျက်စိပါဝါဖျောက်ပေးနိုင်သော နည်းပညာတစ်ခုဖြစ်တဲ့ Lasik (Laser Assisted in Situ Keratomileusis) နည်းပညာအကြောင်း တင်ပြပေးလိုက်ရပါတယ်ရှင်။

လူသားတွေရဲ့မျက်စိထဲမှာ သဘာဝ မှန်ဘီလူး ရှိပါတယ်။ ဒီမှန်ဘီလူးဟာ ခုံးလွန်းတာကြောင့် မျက်လုံး အိမ်ရှည်တဲ့အခါ ပုံရိပ်ဟာ မြင်လွှာ (Retina)ရဲ့ ရှေ့မှာ ထင်နေ စေတဲ့အတွက် ထင်ထင်ရှားရှား မမြင်ရတော့ပါ။ ၎င်းကို Myopia လို့ခေါ်ပါတယ်။ အလားတူပဲ မှန်ဘီလူးခွက်လွန်းနေ၍ မျက်လုံးအိမ်တိုတဲ့အခါမှာလည်း ပုံရိပ်များမှာ အမြင် အာရုံလွှာရဲ့နောက်မှာ ကျရောက်ခြင်းကြောင့် ပုံရိပ်များကို ထင်ရှားစွာမမြင်ရတော့ဘဲ ဝါးနေတတ်ပြန်ပါ တယ်။ Hyperopia လို့ခေါ်ပါတယ်။ ထို့ပြင် မျက်ကြည်လွှာ၏ မျက်နှာပြင် အခုံးအခွက် မညီညာတာကြောင့် ဆလင်ဒါစောင်းနေခဲ့ရင်လည်း ပုံရိပ်ဟာ ရွှဲ့စောင်း (Distorted) နေတတ်ပါတယ်။ ဒါကို တော့ Astigmatism လို့ ခေါ်ပါတယ် ။ လွန်စွာကျယ်ပြန့်လှသော သိပ္ပံနည်းပညာ ဖွံ့ဖြိုးတိုးတက်လာတာနှင့်အမျှ မျက်မှန်တပ်စရာ မလိုတော့ဘဲ လေဆာရောင်ခြည်ဖြင့် လိုအပ်သည့် မျက်စိပါဝါအတိုင်း ပြုပြင်ပေးနိုင်သော နည်းပညာတစ်ခုဖြစ်တဲ့ Lasik (Laser Assisted in Situ Keratomileusis) နည်းပညာ ပေါ်ပေါက်လာခဲ့ပြီး မျက်စိကျန်းမာရေးပြုစုစောင့်ရှောက်မှုဆိုင်ရာ ဈေးကွက်ကြီး တစ်ခုပင် ဖြစ်ထွန်းလာခဲ့ပါတယ်။ လူတို့၏ မျက်စိတွင်ရှိသော မျက်ကြည်လွှာ Cornea တွင် အလွှာ ၅ခု ပါရှိသည့်အနက် Stroma အလွှာနေရာအထိရောက်အောင် Microkeratome ဆိုတဲ့ ဓားလေးနဲ့ ခွာလိုက်ပြီး အဝေးမှုန်ဖြစ်ပါက Minus Power ကို လျှော့ပေး၍ အနီးမှုန်ဖြစ်နေလျှင် Plus Power ကို လျှော့ပေးကာ ဆလင်ဒါ စောင်းနေလျှင်လည်း တည့်မတ်သွားအောင် လုပ်ပေးပါတယ်။ မျက်ကြည်လွှာ (Cornea) Flat ဖြစ်နေရင် နည်းနည်းလေးခုံးသွားအောင် ဘေးပတ်ပတ်လည် နေရာတွေကို လေဆာနဲ့ ပြုပြင်ပေးပါတယ်။ သိပ်ခုံးနေတဲ့ မျက်ကြည် လွှာဆိုရင် အလယ်ပိုင်းက ခုံးနေတဲ့နေရာကို လေဆာဖြင့် ပြေပြစ်သွားအောင် ပြုပြင်ပေးရပါတယ်။ ဆလင်ဒါရှိရင်တော့ Axis ၀င်ရိုးတန်းကို ပြေလည်သွားအောင် Neutralise လုပ်ပေးခြင်းဖြစ်ပါတယ်။ ပြီးရင်တော့ အပေါ်ယံ မျက်ကြည်လွှာ အလွှာ (Anterior Flat) ကိုပြန်အုပ်ပေးပါတယ်။ Microkeratome ကို လက်နဲ့ပဲ ချိန်ပြီး မျက်ကြည်လွှာပေါ်မှာလိုချင်တဲ့ နေရာ အရွယ်အစားရအောင် လုပ်ရတယ်။ အထူးသဖြင့် မျက်ကြည်လွှာရဲ့ အထူ Thickness of Cornea ပေါ်မူတည်ပြီးအနည်းဆုံး မျက်ကြည်လွှာအထူ ၃ ပုံ ၁ ပုံ လောက် ချန်ထားပေးရတယ်။ ဥပမာ- မျက်ကြည်လွှာ ၅၀၀ မိုက်ခရို မီလီမီတာ ရှိရင် ၁၅၀ လောက် ကို လေဆာနဲ့ စားလိုက်တဲ့အခါ ၃၅၀ လောက်ကျန်ပါတယ်။ Lasik ကုသမှုမစမီ မျက်ကြည်လွှာ၏ အထူအပါးကို တိုင်းခြင်း၊ လေဆာဖြင့် စားရမည့် အထူကို တွက်ချက်ခြင်း စသည်တို့အားပြုလုပ်ကာ အချက်အလက် data များအား ကွန်ပျူတာထဲသို့ ထည့်သွင်းပေးရပါတယ်။ Lasik ကုထုံးမခံယူမီ ၃ရက် မှ ၁၄ရက် မတိုင်မီ မျက်ကပ်မှန်တပ်ခြင်းကိုရှောင်ကြဉ်သင့်ပါတယ်။ အဝေးမှုန်သူများကို ပြုပြင်ပေးပြီးတဲ့အခါ အချို့သူများအတွက် စာဖတ်ရန် အနီးကြည့်မှန်ဘီလူးလိုနေသေးတဲ့အတွက် ပါဝါထည့်ပြီး Cornea Inlay လုပ်ပေးပြီးမှ Flat ကို ပြန်အုပ်ပေးရပါတယ်။ အဝေးမှုန်ရော အနီးမှုန်ပါ ရှိနေသူများအတွက် မျက်မှန်တပ်ရသူများတွင် Multi focal lenses ထည့်သကဲ့သို့ သဘောတရားချင်း အတူတူပင်ဖြစ်ပါတယ်။ Lasik နည်းဖြင့် မျက်စိမှန်ဘီလူး ပါဝါပြုပြင်ပေးတဲ့အခါ အဆိုပါ လူနာများအနေနဲ့ ဆေးရုံတက်စရာမလိုဘဲ ပြင်ပလူနာအဖြစ် ကုသမှုပေးနိုင်ကြောင်း၊ ထုံဆေးပေး၍ပြုလုပ်ခြင်းဖြစ်ကြောင်း၊ အနည်ငယ် သက်တောင့်သက်သာ မဖြစ်တာကလွဲရင် နာကျင်မှုလည်း လုံးဝမရှိကြောင်းသိရပါတယ်။ ကြာချိန်မှာ ၅-၁၀ မိနစ်ခန့်သာ ကြာမြင့်တတ်ပါတယ်။ Lasik ဖြင့် မျက်စိပါဝါ ပြုပြင်လိုသူများအနေနဲ့ အသက် ၁၈နှစ်ကျော်မှပဲ လုပ်သင့်ပါတယ်။ မျက်ကြည်လွှာ ဖွံ့ဖြိုးမှုက အသက် ၁၈ နှစ်ရောက်မှ ပြီးဆုံးသွားတာကြောင့် ငယ်တဲ့အချိန်မှာ လုပ်ခဲ့ရင် မျက်စိပါဝါက မမှန်သေးတဲ့အတွက် ထပ်ပြောင်း သွားတဲ့အခါ Lasik နောက်တစ်ကြိမ် ပြန်လုပ်ရတတ်ပါတယ်။ မျက်မှန်ပါဝါတိုင်းကြည့်လျှင် အဝေးမှုန်(-၁၄.ဝ၀)အထိ လည်း ကောင်း၊ အနီးမှုန် (+၈.ဝ၀) အထိ လည်းကောင်း၊ ဆလင်ဒါ (-၄.ဝ၀) ကို လေဆာဖြင့် ပြုပြင်ပေးနိုင်ကြောင်း သိရပါတယ်။ ဒီကုထုံးကို အဝေးမှုန်သမားများ လုပ်လေ့ရှိကြောင်းလည်း ပြောပြပါတယ်။ Lasik ကုထုံးခံယူလျှင် ခွဲစိတ်ခန်းဝင်သကဲ့သို့ပင် လူနာ၊ ဆရာဝန် နှင့် သူနာပြုများပါ ပိုးသန့်စင်ခြင်းများ ပြုလုပ်ရပါတယ်။ နဂိုကတည်းက မျက်လုံးခြောက် သွေ့လေ့ရှိသူ SdolDry Eye ဆိုပါကဒီကုထုံး ခံယူပြီးတဲ့နောက် သဘာဝမျက်ရည် နှင့် တူသော အရည်မျက်စဉ်း တစ်မျိုး ကိုပိုခတ်ရ တတ်ကြောင်း သိရပါတယ်။ အသည်းရောင်အသားဝါ Bပိုး၊ C ပိုး နှင့် ဆီးချိုသွေးချိုရှိသူများလည်း cotrol လုပ်ပြီး Lasik ကုထုံးကို ပြုလုပ်နိုင်ကြောင်း၊ သို့သော် အမြင် အာရုံမှာ ရောဂါတစ်ခုခုရှိနေခြင်း၊ ရေတိမ်ရောဂါ၊ မျက်ကြည်လွှာရောဂါ ရှိခဲ့လျှင် မပြုလုပ်သင့်ကြောင်း ပြောပြပါတယ်။ ကုသမှုခံယူပြီးနောက် နောက်နေ့မှာပင် အမြင်အာရုံ ၇၅-၈၀%ခန့် ပြန်လည်ကောင်းမွန်လာပြီး ရက်အနည်းငယ်ကြာလျှင် ပုံမှန်အတိုင်း သွားလာလှုပ်ရှားနိုင်ပါပြီ။ ဒါပေမယ့် ရေကူးခြင်းနဲ့ မျက်စိခြယ်သခြင်းတွေကိုတော့ တစ်ပတ်မှ တစ်လခန့် ထိ ရှောင်ကြဉ်သင့်ပါတယ်။ လေယာဉ်စီးခြင်းကိုမူ ၃-၅ ရက်အကြာမှာ ပြုလုပ်ပေးနိုင်ပါတယ်။

Lasik ၏ ကောင်းကျိုးများ –

– အလွန်ပင် လွယ်ကူရိုးရှင်းတဲ့ ခွဲစိတ်မှုတစ်ခုဖြစ်ခြင်း – တစ်ကြိမ်အကုန်အကျခံရုံဖြင့် တစ်သက်တာအတွက် စိတ်ပူစရာ မလိုတော့ခြင်း – အဆင့်မြင့်နည်းပညာကို သုံးထားခြင်းကြောင့် အလွန်ထိရောက်၍ နာကျင်မှုမရှိခြင်း – မျက်မှန်၊ မျက်ကပ်မှန် တပ်စရာမလိုတော့သဖြင့် အလုပ်ရှုပ်သက်သာခြင်း – ကမ္ဘာလောကကြီးကို ပိုမိုကြည်လင်ပြတ်သားစွာ မြင်နိင်ခြင်း စတဲ့ အကျိုးကျေးဇူးတွေကို ခံစားရနိုင်စေပါတယ်။ Ulink မှ ဆက်သွယ်ဆောင်ရွက်ပေးတာကတော့ Singapore Medical Group (SMG) ကိုဖြစ်ပြီး ကုသရာမှာ ရာနှုန်းပြည့်အောင်မြင်မှုတွေရှိကြာင်း သိရပါတယ်။ ဆရာဝန်ကြီးများမှာလည်း နိုင်ငံတကာအသိအမှတ်ပြု လက်မှတ်များ ရရှိထားသည့်အပြင် တန်ဖိုးကြီးမားလှသော Lasik ပြုလုပ်နိုင်သည့် စက်ကြီးများကို အသုံးပြုတာဖြစ်ပြီး စက်ကိရိယာကိုင်တွယ်သည့် ကျွမ်းကျင်တာဝန်ရှိသူများလည်း ရှိကြောင်းသိရပါတယ်။ အသုံးပြုတဲ့ စက်အမျိုးအစားတွေကတော့

  • VISX STAR S4 IR Excimer laser

  • KXL® System

  • ZEISS VisuMax®Femtosecond laser ဖြစ်ပါတယ်။

ကုန်ကျစရိတ်မှာ နည်းပညာပေါ်မူတည်၍ စင်ကာပူဒေါ်လာ ၃၂၀၀ မှ ၅၇၀၀ ခန့်ထိရှိကြောင်းလည်း သိရပါတယ်။

အသေးစိတ်သိရှိလိုပါက ဆက်သွယ်ရန်- ? ၀၉၇၉၂၈၈၈၆၁၁ ? ၀၉၇၉၂၈၈၈၆၂၂

Featured Posts
Recent Posts
Archive
Search By Tags
Follow Us
  • Facebook Basic Square
  • Twitter Basic Square
  • Google+ Basic Square
bottom of page