top of page

ကမ္ဘာတစ်ဝန်း အရက်ကြောင့် သေဆုံးသူ နှစ်စဉ်သုံးသန်းခန့်ရှိ


၁၉၉၀ နှင့် ၂၀၁၆ ကြား ပြုလုပ်သော လေ့လာမှုရာပေါင်းများ စွာကို ထပ်မံလေ့လာခဲ့ရာတွင် ကမ္ဘာတစ်ဝန်း လူသုံးဦးတွင် တစ်ဦး (၂ ဒသမ ၄ ဘီလီယံ)သည် အရက်သောက်သုံးနေပြီး တစ်နှစ်စီ တွင် အရက်သောက်သူ အမျိုးသားများ၏ ၆ ဒသမ ၈ ရာခိုင်နှုန်းနှင့် အမျိုးသမီး ၂ ဒသမ ၂ ရာခိုင်နှုန်းသည် အရက်သောက်ခြင်းနှင့် ဆက်စပ်သော ကျန်းမာရေးပြဿနာများကြောင့် သေဆုံးနေကြောင်းလေ့လာတွေ့ရှိခဲ့သည်။

ကမ္ဘာပေါ်တွင် ဒိန်းမတ်နိုင်ငံသည် အရက်သောက်သူအများ ဆုံးဖြစ်ပြီး အမျိုးသား ၉၇ ရာခိုင်နှုန်းနှင့် အမျိုးသမီး ၉၅ ရာခိုင်နှုန်း အရက်သောက်သုံးကြသည်။ ရိုမေးနီးယား (အမျိုးသား) နှင့် ယူက ရိန်း (အမျိုးသမီး) သည် အရက်အလွန်အကျွံသောက်ဆုံးမှု အများ ဆုံးနိုင်ငံများဖြစ်နေသည်။

ကမ္ဘာတစ်ဝန်းအရက်သောက်သုံးမှုသည် ၂၀၁၆ က စောစော စီးစီး သေဆုံးမှုနှင့် မသန်စွမ်းဖြစ်စေမှုများအတွက် သတ္တမအကြီး ဆုံးသော အန္တရာယ်ဖြစ်ခဲ့သည်။ ယင်းမှာ အသက် (၁၅) နှစ်မှ (၄၉) နှစ်အရွယ်ကြား စောစောစီးစီး သေဆုံးမှုနှင့် မသန်စွမ်းဖြစ်စေမှု အ များဆုံးဖြစ်စေသော အန္တရာယ်ဖြစ်ပြီး လူ ၁၀ ဦးသေဆုံးမှုတွင် တစ် ဦး သေဆုံးမှုနှင့်သက်ဆိုင်နေသည်။

အသက် (၅၀) နှင့် အထက်အရွယ်များတွင် ကင်ဆာရောဂါ သည် အရက်နှင့်ဆက်စပ်သော သေဆုံးမှုဖြစ်စေသည့် အဓိကအ ကြောင်းရင်းဖြစ်ကြောင်း သိရသည်။

အရက်ကို အနည်းအကျဉ်းသောက်လျှင် ကျန်းမာရေးထိခိုက်မှု မရှိဆိုသော ယူဆချက်မှာ မှားယွင်းပြီး အရက်အနည်းငယ်သောက် ခြင်းမှနေ၍ အတန်အသင့်သောက်ခြင်း၊ အလွန်အကျွံသောက်ခြင်း အထိ ကျန်းမာရေးပြဿနာ အနည်းအများအလိုက် ကြုံတွေ့ရနိုင် ကြောင်း အမေရိကန်ဝါရှင်တန်တက္ကသိုလ်မှ သုတေသီများ၏ ယခု လေ့လာမှုအရ သိရသည်။

အရက်သောက်သုံးမှု ပမာဏများလေ ကျန်းမာရေးထိခိုက်နိုင်သည့်အန္တရာယ် ပိုများလေဖြစ်ပြီး အရက်သောက်သုံးမှု လျော့ကျ စေရေး မူဝါဒများရှိရန် အရေးကြီးကြောင်း သုတေသီများက ပြော သည်။

အရက်သောက်ခြင်းကြောင့် ကျန်းမာရေးအကျိုးကျေးဇူး ရှိ သည်ဆိုသော ယူဆချက်များကို ပြန်သုံးသပ်ရန်လိုပြီး အရက်အ နည်းငယ်သောက်ခြင်းကြောင့် နှလုံးကျန်းမာရေးအန္တရာယ်များကို လျော့ကျစေနိုင်သည်ဟု ပြောဆိုနေခြင်းကြောင့် နှလုံးနှင့် ဆက်စပ် သော ကျန်းမာရေးထိခိုက်မှုအန္တရာယ်ကို ပိုများလာစေနိုင်ကြောင်း သုတေသီများကပြောသည်။

Featured Posts
Recent Posts
Archive
Search By Tags
Follow Us
  • Facebook Basic Square
  • Twitter Basic Square
  • Google+ Basic Square
bottom of page